Wednesday, February 10, 2016

Pahtunn HaeTu Pissaya



ပ ဋ္ဌာန်း အ ကြောင်း အ ကျဉ်း
ပဋ္ဌာန်းအကြောင်း အကျဉ်းအားဖြင့် ပြောချင်ပါတယ် ။ သိချင်တဲ့ သူတွေ အတွက်တော့ အဆင်ပြေ မလား မသိဘူး ။ ( မေးထားတဲ့ တပည့်လဲ တခါတည်း ဖြေပြီးသား ဖြစ်သွားတာပေါ့ ) ။
ပဋ္ဌာန်း ၂၄ ပစ္စည်းရှိတာ ကတော့ လူတိုင်းလောက်သိပြီးသားပါ ။ အဓိပ္ပါယ် သိဖို့ ( အနက် မြန်မာပြန် မဟုတ်ဘူး ) ကတော့ တော်တော်ခက်ပါတယ် ။ ဘာသာပြန်ထားတာလဲ မတွေ့ဖူးဘူး ။
အဲဒီထဲက ( ဟေတု ) ဆိုတာကို စရှင်းကြည့်ရအောင် ။        ဟေတု = ဆိုတာ အကြောင်း ပဲ ။ ဘာနဲ့ တူသလဲဆိုရင် သစ်ပင်ရဲ့ ရေသောက်မြစ်- တဲ့ ။ ။ ပြောချင်တာက ဆက်စပ်နေတဲ့ အားရှိတဲ့ အကြောင်းပေါ့ ။
ဟေတု ကိုေ - ကို - လုပ်ပြီး  တ -ဝမ်းပူ သတ် ကါ ( ဟိတ် ) လို့ ခေါ်ထားတာ ။။ ဟိတ်- ၆ ပါး      ( ၆ ခု ) ရှိတယ်ပေါ့ ။ ။  ၁/ လောဘ ၂/ ဒေါသ ၃/ မောဟ (  ဒါတွေက အကုသိုလ်ဆိုင်ရာတွေပေါ့ )  ၄/ အလောဘ  ၅/ အဒေါသ  ၆/ အမောဟ ( ဒါတွေက ကုသိုလ် နှင့် အဗျာကတ ဆိုင်ရာတွေပေါ့ )     လောဘ- ဆိုတာက လိုချင်တာ + တပ်မက်တာ ( ကုသိုလ်ဆိုင်ရာ မှာ လိုချင်တာတော့ မပါဘူး ) ။   ဒေါသ - ဆိုတာက ဖျက်ဆီးတတ်တာ + ပြစ်မှားတတ်တာ( ဆိုးသွမ်းတတ်တာပေါ့ ) ။   { ကရုဏာ ဒေါသ ဆိုတာလဲ ရှိသေးတယ် - ကရုဏာ-က သနားတတ်တာ ။ သနားလွန်းလို့ ဒုက္ခရောက်နေတဲ့ သတ္တဝါအပေါ်က ဒုက္ခကို ဖယ်ရှားပေးချင်တာ ။ မတတ်နိုင်တော့ ဒေါသ( အသေးရော အကြီးရော) ဖြစ်လာတာကို ခေါ်တာပေါ့ ။ သနားခြင်းကြောင့် ဖြစ်လာတဲ့ ( သနားခြင်းအကြောင်းရှိတဲ့ ) ဒေါသပေါ့ ။ ကရုဏာ နှင့် ဆက်စပ်သော်လဲ ဒေါသပါပဲ ။ဒါ့ကြောင့် မကေါင်းပါဘူး ။ }                                        မောဟ - ဆိုတာက  တွေဝေတာ + မသိတာ ( မိုက်မှားတာ လို့လဲ ပြောကြပါတယ် ။)
သူတို့က စေတသိက်( စေတသိက ) တွေပေါ့ ။ စိတ်နှင့်ယှဉ်ပြီး စိတ်ကို ချယ်လှယ်တတ်တဲ့သဘော ရှိပါတယ် ။ ။ စိတ်ဆိုတာက - အာရုံကိုသိတတ်တဲ့ သဘောသက်သက် - ပဲ ။ ( အဖြူထည် သက်သက် ဆိုပါတော့)  ။။[[  ဒါ့ကြောင့် အရောင်အဆင်းမရှိတဲ့ ရေထဲမှာ အရောင်ရှိတဲ့ တစုံတခု ထဲ့ လိုက်ရင် ရေက အရောင်ရှိသွားပြီး ဘယ်အရောင်လို့ ခေါ်ဝေါ် သတ်မှတ်ကြရသလိုပါပဲ]] - အာရုံကို သိတတ်ကါမျှ ဖြစ်တဲ့ စိတ်ကိုလဲ [ ဒေါသ နှင့် ယှဉ်တော့ = ဒေါသစိတ် ; လောဘ နှင့် ယှဉ်တော့ = လောဘစိတ် ; မောဟနှင့်ယှဉ်တော့ မောဟစိတ် ] လို့ ခေါ်ရပါတယ် ။။  သူတို့က အကုသိုလ် ဖြစ်စေ တတ်တဲ့ အကြောင်းတွေ ဖြစ်လို့ ( အကုသိုလ် ဟိတ်များ ) လို့ ခေါ်ပါတယ် ။

ဒီနေရာမှာ ကြားဖြတ်ပြီး ကုသိုလ် အဗျာကတ ဟိတ်တွေအကြောင်း မပြောမီ ကုသိုလ်+ အကုသိုလ်+ အဗျာကတ - ဆိုတဲ့ အမည်တွေကို အရင်သိထားသင့်ပါသေးတယ် ။။
ကုသိုလ် - ဆိုတာက  အပြစ်မရှိ ကေါင်းကျိုးကို ပေးတတ်တဲ့ သဘောတရား ။။     ။။  အကုသိုလ် - ဆို တာက  အပြစ်နဲ့တကွ ( အပြစ်ရှိပြီး ) မကေါင်းကျိုးကို ပေးတတ်တဲ့ သဘောတရား ။။    ။။ သူတို့ကတော့ ရှင်းပါတယ် ။။    ။။  အဗျာကတ - ဆိုတာကြတော့ နဲနဲ သဘော  ထားပေးရမယ် ။      အဗျာကတ = မဟောကြားအပ် - လို့ ဆိုလိုတယ် ။ ဘာကိုမဟောကြားသလဲဆိုရင်  ဘုရားက သူတို့ကို ( ဒီတရားသဘောတွေကို ) ကုသိုလ်+ အကုသိုလ်- လို့ အမည်တပ်ပြီး မဟောကြားခဲ့ဘူး   သဘောကတော့ ကုသိုလ် ( ကေါင်းကျိုးပေးတတ်တဲ့ တရား ) အကုသိုလ် ( မကေါင်းကျိုးပေးတတ် တဲ့ တရား ) လို့ မဟောခဲ့ဘူး ။။    ။တခြား ဝိပါက= ဝိပါက် + ကြိယာ ( =ကိရိယာ ) အနေနဲ့သာ ဟောထားခဲ့တယ်ပေါ့ ။။ 
အဲဒီမှာ ဝိပါက = ဝိပါက် ဆိုတာက  အကျိုး - လို့ခေါ်တယ် ။ ကေါင်းကျိုး + မကေါင်းကျိုး - ပေါ့ ။။   ကိရိယာ=ကြိယာ  - ဆိုတာက ပြုခြင်း - ပြုကာမျှ - ပြုကာမတ္တ -- လို့ ခေါ်တာပေါ့ ။။( အကြောင်း လဲ မဟုတ်+ အကျိုးလဲ မဟုတ် ဘူး ။။    ။။ သေချာသဘောပေါက်ခဲ့မှ နောက်နောက် သဘောတွေကို  သဘောပေါက်နိုင်မှာမို့ သေသေချာချာ လေ့လာထားလိုက်ပါနော် ။
ဒီ ဝိပါက် + ကြိယာ  တို့ကို အဗျာကတ - လို့ခေါ်တာပါပဲ ။။
စာသင်သားတွေအတွက် ပဋ္ဌာန်းသင်ပေးရာမှာတော့ --   ကုသိုလ်ကို = ကု    အကုသိုလ်ကို = အကု    ဝိပါက - ကို = ဗျာ  + ကြိယာကို - ဗျာ --  လို့ အတိုကေါက် ခေါ်ပြီး သုံးတာပေါ့ ။။
၎/ အလောဘ  ၅/ အဒေါသ ၆/ အမောဟ -  ဆိုပြီး ကုသိုလ် + အဗျာကတ ဟိတ် - ၃ပါး လဲ ရှိသေးတယ် ။ သူတို့ကတော့ ကုသိုလ်နှင့် အဗျာကတ စိတ်တွေမှာသာ ယှဉ်တယ် =ဖြစ်တယ်ပေါ့ ။ 
အလောဘ - ဆိုတာက လောဘရဲ့ ဆန့်ကျင်ဘက် ၊ အဒေါသ - က ဒေါသရဲ့ ဆန့်ကျင်ဘက် ၊  အမောဟ - ကတော့ မောဟရဲ့ ဆန့်ကျင်ဘက်ပေါ့ ။ ။   လောဘက လိုချင်တပ်မက်တယ် <> အလောဘ - က မလိုချင် မတပ်မက်ဘူး ။။ အဒေါသ - က မဖျက်ဆီးတတ် - မပြစ်မှားတတ်ဘူး ။။ အမောဟ - က မတွေဝေ မမိုက်မှား သိမြင်တတ်တယ်ပေါ့ ။။
အလောဘက ပေးကမ်း စွန့်လွှတ် ကေါင်းမှု ပြုလုပ်ရာမှာ ဖြစ်တတ်တယ် ။ ။ အဒေါသ - ကတော့ 

ဒေါသကင်းစင်တဲ့ အခါ မေတ္တာစိတ် ဖြစ်နေတဲ့အခါ တွေမှာ ဖြစ်တတ်တယ် ။။  အမောဟ - ကတော့ မောဟရဲ့ ဆန့်ကျင်ဘက် ပညာ ဖြစ်တဲ့ အခါမှာဖြစ်လေ့ရှိတယ် ။။  
ဒီလောက် တိုတိုကျဉ်းကျဉ်းလောက် ဆိုရင် ရှေ့ဆက်သွားလို့ ရလောက်ပြီထင်ပါတယ် ။။  ပဋ္ဌာန်းကလဲ ကျယ်ကျယ် + အဘိဓမ္မာကလဲ ခပ်ခက်ခက် ဆိုတော့ သိပ်ကျယ်သွားရင် လည်ထွက် သွားလိမ္မယ် ။
{ အဒေါသ - ဆိုတာ မေတ္တာ ခေါ်တဲ့ အဒေါသ နှင့် မေတ္တာ မဟုတ်တဲ့ အဒေါသ ဆိုပြီး နှစ်မျိုး ရှိတယ်လို့တော့ သတိပြုပေးခဲ့ပါနော် }
ဟေတုပစ္စယော = ဟေတု + ပစ္စယ - ပေါ့ ။ ဟေတုက အကြောင်း ၊ ပစ္စယ - က ကျေးဇူးပြုတာ = ထောက်ပံ့တာ ။ ။  ပေါင်းလိုက်တော့ အကြောင်းအားဖြင့် ကျေးဇူးပြုတယ် ထောက်ပံ့တယ်ပေါ့ ။။ ဘယ်လိုကျေးဇူးပြုသလဲလို့ဆိုတော့ --  သာမန် အဖြူထည်ဖြစ်တဲ့ အာရုံကို သိကါမျှသာဖြစ်တဲ့ စိတ်ကို အကုသိုလ်တရားတွေကို အာရုံပြုအောင် ထောက်ပံ့တယ်ပေါ့ ။ သူတို့နှင့် ယှဉ်မိ ပေါင်းမိတဲ့စိတ်က အကုသိုလ်အာရုံကို အာရုံပြုပြီး အကုသိုလ်စိတ်ဖြစ်သွားတယ်။။
ယှဉ်ပုံကတော့ --  လောဘ - သည် လောဘစိတ်တွေ ( လိုချင်တပ်မက်တဲ့စိတ်တွေ ) မှာသာ ယှဉ်တယ် ။  ဒေါသ - သည်  ဒေါသ စိတ်တွေ ( ဖျက်ဆီး ပြစ်မှားတတ်တဲ့ စိတ်တွေ ) မှာသာ ယှဉ် ပါတယ် ။  မောဟ - ကတော့ လောဘ ရော ဒေါသ နှင့်ပါ ယှဉ်တယ် ။ လောဘ ဒေါသ မပါပဲ သူ့ သက်သက်လဲ စိတ်နှင့် ယှဉ်တယ် ။။  သူတို့ ( လောဘ + ဒေါသ + မောဟ ) သည်  အကုသိုလ် စိတ် တွေမှာသာ ယှဉ်တယ်။ ။  ဒီတော့ လွယ်လွယ် ပြောရရင် လောဘ ဒေါသ မောဟ - ဖြစ်နေရင် အကုသိုလ်တွေ ဖြစ်နေတယ်လို့ သိပေါ့ ။။
အကုသိုလ်စိတ် ဖြစ်နေတာ တွေ့ရရင် ဒီ အကုသိုလ် ဟိတ် ၃ပါးက အကုသိုလ်စိတ် တွေကို ဟေတု = အကြောင်းအားဖြင့် ကျေးဇူးပြုနေတယ် ထောက်ပံ့နေတယ်လို့ သိပေါ့ ။ လောဘ စိတ်ဖြစ်နေရင် = လောဘ နှင့် မောဟ ။။  ဒေါသစိတ်ဖြစ်နေရင် =  ဒေါသ နှင့် မောဟ ။။ မောဟ စိတ် ဖြစ်နေရင် =  မောဟ ။။ ဒီဟိတ်တရားတွေက ဟေတုပစ္စယ နှင့် ကျေးဇူးပြုနေကြတယ်ပေါ့ ။ (( ကျေးဇူးပြုတယ် ဆိုသော်လဲ ထောက်ပံ့ပေးတာကိုသာပြောချင်တာ ။ ကေါင်းကျိုးပေးတာ ကို ပြောလိုတာမဟုတ်ဘူး ))

ထို့အတူပါပဲ မလိုချင်ခြင်း = အလောဘ ၊ မပြစ်မှား မဖျက်ဆီးလိုခြင်း = အဒေါသ  ၊ မတွေဝေ မမှား
ယွင်းပဲ အမှန်သဘောအတိုင်း သိနေရင်  = အမောဟ  -- တို့ဖြစ်နေတယ် ။ ဒါဆိုရင် ကုသိုလ်စိတ် တွေ (( အဗျာကတဖြစ်တဲ့ ဝိပါက် ကြိယာ စိတ်တွေက ဖြစ်မှန်းသိဖို့ ခက်ခဲလို့ပါ ။ )) ဖြစ်နေတယ် လို့ သိလိုက်ပေါ့နော် ။
ဥပုသ် သီလ ဆောက်တည်နေတယ် ။ ဘုရား တရားအာရုံပြုနေတယ် ။ ကေါင်းတဲ့ အလုပ်တွေ( လူမှု ရေးလဲပါတယ်။ ) လုပ်နေတယ်ဆိုရင် အလောဘ + အဒေါသ ဟိတ်တွေက ကုသိုလ်စိတ်တွေကို ကျေးဇူးပြုနေတယ်ပေါ့ ။ အဒေါသမှာလဲ သတ္တဝါတွေကို အာရုံပြုပြီး ကျန်းမာ ချမ်းသာကြပါစေ - စသည်ဖြင့် (( သတ္တဝါတွေရဲ့ အကျိုးစီးပွါးကို လိုလားပြီး )) ဖြစ်တဲ့ စိတ်ကိုတော့ မေတ္တာစိတ် လို့ခေါ်တယ် ။။  ကျန်တဲ့ အချိန်မှာတော့ အဒေါသ ဟာ မေတ္တာ မဟုတ်ဘူး ။။ 
ဒီလိုပါပဲ အမောဟ - ကလဲ  အမှန်သဘောကို သိနေစဉ်မှာ ဖြစ်တယ် ။ ပညာ - ဥာဏ်  လို့ခေါ်တယ် ။ အနု အရင့် တော့ ကွာသပေါ့ ။ သိနိုင်တဲ့ အစွမ်း ကွာခြားတာကို ပြောပါတယ် ။။  ဝိပါက် နှင့် ကြိယာ က တော့ ဘုရားမို့သာ ပညာတော် ကြီးရင့်လို့ သိတော်မူနိုင်ခဲ့တာ ။ သူလို ကိုယ်လို အတွက်ကတော့ ပြောဖို့တောင် မရှိပါဘူး ။ ဘုရားတရားကို သင်ယူ နားလည်ပြီး မှန်းဆသိ သိနိုင်ရုံမျှ သာ ပါပဲ ။။
ဟိတ် ၆ - ပါး တရားတွေဟာ သူတို့နှင့် ယှဉ်ဖက် စိတ်တွေနှင့် တကွ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တရားကို ပါ ဟေတုပစ္စယ သတ္တိ နှင့် ကျေးဇူးပြုပါတယ်။ ( မြင်သာအောင် ပြောပြရရင် ဒေါသဖြစ်နေစဉ်မှာ မျက်နှာတွေ နီရဲနေတာ အသံတွေဖေါက်ပြန်နေတာ ခန္ဓာကိုယ်တုန်လှုပ်နေတာ -တွေဟာ ဒေါသ - စိတ်ကြောင့် ဖြစ်တဲ့ ရုပ်ရဲ့ အမူအယာတွေပါပဲ ။။  ကျန်တဲ့ လောဘ စိတ်စသည် ဖြစ်နေစဉ်မှာလဲ တွေးသာ ကြည့်လိုက်ပါတော့နော် - သိလောက်ပါပြီ ။ )
ဒီလောက်ဆိုရင်  ဟေတုပစ္စယော အရ  ဟေတု သတ္တိ နှင့် ကျေးဇူးပြုတတ်ပုံ အကျဉ်းအားဖြင့် သိလောက် ပါပြီ လို့ ယူဆပါတယ် ။။  ရှင်းရှင်း လင်းလင်း မှန်းဆ သိမြင်နိုင် ကြပါစေ ---

No comments:

Post a Comment