( ဒီစာလေး မြည်းကြည့်ပြီး ကြိုက်တယ်ဆိုရင် စမ်းကြည့်ကြဖို့ -)
တလောက ဒကါတွေ ကျောင်းရောက်လာစဉ်မှာ - ဘုန်းကြီး သောက်ရေအိုးကို
မသောက် ကေါင်းဖူး - ဆိုတဲ့ အကြောင်း ကြားလိုက်ရတယ် ။ ဘာကြောင့်လဲလို့ ဆင်ခြင်ကြည့်လိုက်တော့ -
ဝိနည်းထဲမှာ ရဟန်းတော်များ နေလွဲ ညစာ စားခြင်း ၊ အကပ်မခံပဲ စားသုံးခြင်း - ပညတ်ချက်တွေနှင့် ညိနေတာ
တွေ့ရပါတယ် ။
နေလွဲညစာ ဆိုတာက ( နံက် အာရုဏ်တက် နှင့် နေ့ မွန်းတည့်
အတွင်းမှ ) အခြားသော အချိန်မှာ စားတဲ့ အစာ ကို ဆိုလိုတာပါ ။ ။
အကပ်မခံပဲဆိုရင်တော့ ( ရေ +ဒန်ပူ = သွားပွတ်တံ ) တို့ကိုသာ ကိုယ်တိုင် ( အကပ်မခံပဲ )
သုံးဆောင်ကေါင်းပါတယ်။
ဒါဖြင့် ဘုန်းကြီးသောက်ရေအိုးကရေနှင့် ဘာများသက်ဆိုင်သလဲ -
လို့မေးရင် သွယ်ဝိုက်ပြီးတော့
သက်ဆိုင်ပါတယ် လို့ ဖြေမယ် ။ ရေခွက်မှာ မိမိ နှုတ်ခမ်း လက် - စသည်ကနေ
ကပ်ကျန်ရစ်တဲ့ အရာ တွေက ရေနှင့်အတူ ရေဘုဉ်းပေးတဲ့ ရဟန်း အာခံတွင်းကို လွန်သည်နှင့်
(( အကပ်မခံ ရတဲ့အပြစ် + မွန်းလွဲချိန်မှာ ဆိုရင် - နေလွဲ ညစာ ( မကောင်းတာ
ကောင်းတာထား ) အဖြစ် သက်ရောက်နေလို့ - ဝိကာလ ဘောဇန အပြစ် )) အပြစ် အာပတ် ၂ မျိုး
သင့်စေနိုင်ပါတယ် ။
ဒါ့ကြောင့် မိမိ အနေနှင့် ကျောင်းမှာ ကြုံလာခဲ့ရင် ရေသောက်ပြီး
ခွက်ကို သန့်ရှင်းပေးထားခဲ့ဖို့ တော့ လိုတာပေါ့ ။ ဒါဟာ မိမိ/သူတပါး အတွက်
ရဟန်းတော်များ အပြစ်ကင်းအောင် စောင့်ရှောက်တဲ့ သာသနာပြု = သာသနာနုဂ္ဂဟ ကုသိုလ် + ဝေယျာဝစ္စ
ကုသိုလ် တွေ ရနိုင်ပါတယ် ။
No comments:
Post a Comment