အာ ရ မ္မ ဏ ပ
စ္စ ည်း
အာရမ္မဏ ပစ္စည်း အကြောင်းပြောကြရအောင် ။ အာရမ္မဏ = အာရုံ ။။ အာရုံက ၆ - ပါးရှိတယ် ။ ဒီ
အာရုံ အကြောင်းတရားတွေက အာရမ္မဏိက ခေါ်တဲ့ အာရုံပြုတတ်တဲ့ ( စိတ် ) တရားတွေကို အာရုံ
ဟူသော အကြောင်းသတ္တိ ဖြင့် ကျေးဇူးပြုတယ် ထောက်ပံ့တယ် ။။
မျက်စိ = စက္ခု ရဲ့ အာရုံက အဆင်း ( မြန်မာလိုတော့ အရောင်အဆင်းပေါ့ ။ အရောင်လို့
မပြောနဲ့ ။ ) မျက်စိဖြင့် မြင်ကေါင်းသမျှ အဆင်းရုပ်ကို ပြောလိုတာ ။။ နား = သောတ ရဲ့ အာရုံက အသံ ။။ နှာခေါင်း = ဃာန ရဲ့ အာရုံက အနံ့ ။။ လျှာ = ဇိဝှါ ရဲ့ အာရုံက အရသာ ( ရသာ ) ။။ ကိုယ် = ကါယ ရဲ့ အာရုံက အတွေ့အထိ ( တွေ့ထိတာ
ကိုပြောလိုတာ ။ အထည်ကိုယ် ကို ပြောလိုတာမဟုတ် ) ။။ စိတ် = မနော ( တချို့ နေရာမှာ စိတ္တ သဒ္ဒါ နဲ့လဲ
ဟောပါတယ် ။ ) ရဲ့ အာရုံက အတွေးအကြံ ။။
မျက်စိ + နား + နှာ + လျှာ + ကိုယ် + စိတ် -- တို့မှာ
ပေါ်ပေါက်လာတဲ့ အာရုံ တွေဖြစ်တဲ့ -- အဆင်း
+ အသံ + အနံ့ + အရသာ + အတွေ့ + အတွေး အကြံ -- ၆ မျိုးတို့ကို အာရုံ လို့ ခေါ်ပါ တယ်
။ အာရုံတွေက စာလိုတော့ ( ရူပါရုံ + သဒ္ဒါရုံ + ဂန္ဓာရုံ + ရသာရုံ + ဖေါဋ္ဌဗ္ဗာရုံ +
ဓမ္မာရုံ ) ပေါ့ ။ သူတို့ဆိုင်ရာအာရုံ နှင့် သူ့ဖြစ်ရာစိတ် တွဲသိကြပြီးသားပါ ။
တခု သေချာမှတ်ထားသင့်တာက စိတ်ဟာ တကြိမ်မှာ တမျိုးသာ ဖြစ်တယ် ။ စိတ်
၂ ခု တပြိုင်တည်း မဖြစ်ဘူး ။ ။ ဒါဟာမုချ ပဲ ။ ။ ။။
ဒါ့ကြောင့် မျက်စိလဲ ကေါင်းတယ် ။ သတိလဲ ရှိတယ် ။ မြင်ဖို့ မျက်စိ ကိုလဲ
ဖွင့်ထားတယ် ။ သို့သော်လဲ စိတ်က တောင်တွေးမြောက်တွေးနဲ့ မျောနေချိန် မှာ ရှေ့
တည့်တည့်က ရပ်နေတဲ့ လူတယောက်လုံးတောင် မမြင်ဘူး -- ဆိုတာ ကြုံဖူးရင် သဘောပေါက်ပါ
လိမ့်မယ် ။။
ဘဝကံ က စီမံလိုက်ပုံ တယောက်နှင့် တယောက် မတူညီကြတော့ အမြင်
အကြား - စသည်မှာ စွမ်းအားတော့ ကွာခြားပါတယ် ။ အကျဉ်းချုပ်ပြောရရင် အာရုံ
အကြောင်းတရားသည် သူနှင့် သက်ဆိုင်ရာ နာမ်တရားကို အာရမ္မဏ ပစ္စယ သတ္တိ ( အာရုံ ဟူသော
အကြောင်း ) ဖြင့် ကျေးဇူးပြု ပါတယ် ။။
မျက်စိ နှင့် အဆင်း ( ရူပါရုံ ) --
စိတ် နှင့် အတွေး အကြံ ( ဓမ္မာရုံ ) တွဲဖက်ပြီး သာ ကြံ စည်လိုက်ပါတော့နော်
။။
{{ ရုပ် နှင့် နာမ် မှာ --
အာရုံကို မသိတတ်တာက ရုပ် ။။ သိတတ်တာက နာမ် - လို့ ဒီလောက်တော့
သဘောထားမိမယ် ထင်ပါတယ် ။။ }}
ဒီ
အာရမ္မဏ ပစ္စည်း ရဲ့ အာရုံပြုပုံကို အကျယ်ပြောရရင်တော့ ပြောမဆုံးပေါင် ပေါ့ နော် ။။ ဒါ့ကြောင့် --- မျက်စိက အဆင်းရုပ်တခုခုကို မြင်တဲ့အခါ မြင်စိတ် (
စက္ခုဝိညာဏ် စိတ် ) ဖြစ်တယ်။ နားက အသံ ကို ကြားတဲ့အခါ ကြားစိတ် ( သောတဝိညာဏ်
စိတ် ) ဖြစ်တယ် ။ နှာခေါင်းက အနံ့ ကို
နံတဲ့အခါ ( မွှေးတာရော နံတာရောပေါ့ ) နံစိတ် ( ဃာန ဝိညာဏ် စိတ် ) ဖြစ်တယ် ။ လျှာ က
အရသာ ကို သိတဲ့အခါ ( ဇိဝှါ ဝိညာဏ် စိတ် ) ဖြစ်တယ် ။ ခန္ဓာကိုယ် က ( ကိုယ် = body ) ထိမှု တွေ့မှု ကို
သိတဲ့အခါ ထိသိစိတ် ( ကါယဝိညာဏ် စိတ် ) ဖြစ်တယ် ။
အတွေးအကြံ
ကို သိတဲ့အခါ ( မနော + မနောဝိညာဏ် စိတ် ) ဖြစ်တယ် ။။ ဒီ မနော နှင့် မနော ဝိညာဏ် စိတ်ကို ထပ်ခွဲ
ပြချင်သော်လဲ တော်တော်ကို ကျယ်ဝန်းပြီး သိနိုင်ဖို့ အချိန်တွေလဲ အများကြီး
စာတွေကလဲ အများကြီး ဆိုတော့ ဒီ အကျဉ်းလောက်ဆိုရင်လဲ သဘောလောက်ကတော့ သိနိုင်ပြီမို့
တို + ကျဉ်း + လိုရင်း နှင့်ပဲ ထားလိုက်ကြစို့နော် ။။
အာရုံ ၆
ပါး က ပစ္စည်းတရား ၊ အာရုံပြုတတ်တဲ့ ( စိတ်
+ စေတသိက် က ) နာမ် တရား ။ အာရုံ
တရားတွေက သက်ဆိုင်ရာ နာမ် တရားတွေကို အာရုံ- တည်းဟူသော အကြောင်းတရား အားဖြင့် 
ကျေးဇူးပြုတယ် / ထောက်ပံ့တယ် ။ ဒါက လိုရင်းပေါ့ ။
အလိုရှိအပ်တဲ့ အာရုံကို ( ပါဠိလို က္ကုဋ္ဌာရုံ ) ။ အလိုမရှိအပ်တဲ့ အာရုံကို ( ပါဠိလို အနိဋ္ဌာရုံ
) ။ ဒီနေရာမှာ အလိုရှိအပ်တဲ့ က္ကုဋ္ဌာရုံ
ဆိုရင် အကေါင်းပဲလို့ ထင်မိမယ် ။ ခွေးတကေါင် အတွက် မစင် - ဟာ က္ကုဋ္ဌာရုံပေါ့ ။
ဒါပေမဲ့ -- ပေါ့ ။ ဘုရား ရဲ့ အဆင်းရုပ်က လောကမှာ ဗြဟ္မာမင်းနှင့်
နှိုင်းခိုင်းရလောက်အောင် အလွန်ပင်
တင့်တယ်သော်လဲ အချို့ ဘာသာမတူသူတွေ အတွက်မှာတော့ အလွန်မှ မကေါင်းလေခြင်းဆိုပြီး
မျက်စိကို နံ့သာရေ နှင့် ဆေးပါသတဲ့ ။ ဒါ့ကြောင့် အာရုံပြုတဲ့ ပုဂ္ဂိုလ်
ကိုလိုက်ပြီး သတ်မှတ် တတ်ကြတယ် ဆိုတာလေးကို သတိပြုမိလောက်ပါရဲ့နော် ။
တွေ့ရတဲ့
အာရုံပေါ်မှာ မူတည်ပြီး ပုံမှန်ဆိုရင် ကုသိုလ် အကုသိုလ် စသည် ပုံမှန်ဖြစ် တတ်
သော်လဲ အာရုံပြုသူရဲ့ စိတ်နှလုံးသွင်း ဓါတ်ခံ ပေါ်မှာ မူတည်ပြီး တော့လဲ
ဖြစ်တတ်ပါသေးတယ် ။
ဥပမာ ပြရရင်
-- လမ်းမှာတွေ့တဲ့ အညစ်အကြေး ကို မြင်တဲ့
သူ ၂ ယောက်မှာ တယောက်က စက်ဆုပ်ဖွယ် အနေဖြင့် မြင်မယ် ။ ကျန်တယောက်က လမ်းမှာ ကုသိုလ် ရဖို့ အကြောင်းရင်းတခု လို့
မြင်နိုင်ပါတယ် ။ ။ ။။ ဘုရားရှင်ဟာ
အလွန်အလိုရှိအပ်တဲ့ အာရုံ ဖြစ်သော်လဲ မိစ္ဆာဒိဋ္ဌိ တယောက် အတွက်တော့ အလွန် မကေါင်းတဲ့
အာရုံ ပါပဲ - တဲ့ ( စာထဲမှာ တွေ့ဖူးတာကိုပြောတာပါ
) ။။ ဒါလေးတွေ သိထားပြီးရင်တော့
သတိပြုနိုင်ပြီပေါ့နော် ။။
အဆင်ပြေလောက်ပြီထင်ပါတယ် ----
No comments:
Post a Comment