အရှင်ဗုဒ္ဓရက္ခိတ
ရဲ့ အစွမ်း
အရှင်မြတ်က
သီဟို မှာ သာသနာတော် လွန်စွာ
ထွန်းကားနေစဉ်က ဖြစ်ပါတယ် ။ အသောက မင်းတရားကြီးရဲ့ သားတော် အရှင် မဟိန္ဒ တို့
သီဟိုကျွန်းကို သာသနာပြု ကြွချီတော် မူတဲ့ အခါ ကေါင်းကင်ခရီးကနေပြီး
ကြွတော်မူခဲ့ကြပြီး သရက်ပင်တောအုပ်ရှိတဲ့ တောင်ကုန်းတခု ပေါ်ကို
ဆင်းသက်တော်မူခဲ့ကြပါတယ် ။ နောင်အခါမှာတော့ ထိုတောင်ကုန်းသည် မူလအမည်ပျောက်ပြီး
မထေရ်မြတ်တို့ ဆင်းသက်တော်မူရာ ကုန်းမြေ - လို့ပဲ အမည်တွင်ပါတော့တယ် ။
ပါဠိလိုကတော့ ထေရမ္ဗတ္ထလ = ထေရမ္ဗကုန်း ( ထေရ = အရှင်မဟိန္ဒ အစရှိသော မထေရ်များ + အမ္ဗ
= သရက်ပင် များ + ထလ = ရှိသော တောင်ကုန်း
) သရက်ပင် အစုရှိသော အရှင်မဟိန္ဒ အစရှိသော မထေရ်များ ကေါင်းကင်မှ သက်ဆင်းရာ ဌာန - ပေါ့နော် ။
ထို
ထေရမ္ဗတောင်ကုန်း ( ကျောင်းတိုက် ) မှာ မဟာရောဟဏဂုတ္တ အမည်ရတဲ့ မဟာထေရ် တပါး
သီတင်းသုံးပါတယ် ။ ထိုမထေရ် နာမကျန်းဖြစ်လာတော့ တန်ခိုးရှင်ဖြစ်တဲ့ တပည့်
ရဟန်းတော် ပေါင်း သုံးသောင်းတို့က သူနာပြုစုကြဖို့ ကြွလာခဲ့ပါတယ် ။ ရဟန်း သိက္ခာ
အားဖြင့် ( ၈ ) ဝါ သာ ရ သေးတဲ့ အရှင် ဗုဒ္ဓရက္ခိတ မထေရ် - လဲ ကြွလာပါတယ် ။
မထေရ်ကြီး
အနီးမှာ ရဟန်းတော်ပေါင်း သုံးသောင်း ဝန်းရံ ထိုင်နေစဉ် မထေရ်ကြီးကို သူနာပြု နေတဲ့
နဂါးမင်းက ယာဂုဆက်ကပ် နေပါတယ် ။ ထိုအခိုက်မှာပဲ နဂါးကို စားလိုတဲ့ ဂဠုန်တကေါင်က
ကေါင်းကင်ကနေ ထိုးဆင်းလာပါတယ် ။ နဂါးမင်းက သိလျှင်ပဲ အလွန်ကြောက်လန့် ပြီး
ကယ်တော်မူ ကြပါဘုရား ဆိုပြီး သံဃာတော်ကို အသနားခံတော့ ၈ - ဝါသာရသေးတဲ့ အရှင်ဗုဒ္ဓရက္ခိတ က သံဃာ ကို စူးစမ်းကြည့်ပြီးမှ
ချက်ချင်းပဲ ( ပထဝီ ကသိဏဈာန်ကို ဝင်စားပြီး )
တောင်ကို ဖန်ဆင်းလျက် နဂါးမင်းကို
လက်မှာ ဆွဲကိုင်လို့ ဖန်ဆင်းထားတဲ့ တောင်ခေါင်းထဲကို ဝင်ပါတယ် ။
ဂဠုန်ကတော့
အရှိန်လွန်ပြီး တောင်နှင့် တိုက်မိပြီး ပြန်ပြေးတာပေါ့ ။ ထိုအရှင် ဗုဒ္ဓရက္ခိတ ဟာ
မိမိအလိုရှိသလောက်ကါလအတွင်း ဈာန်စိတ်ကို ထားနိုင်တဲ့ ( အဓိဋ္ဌာန ဝသီ ) ၊ ဈာန်ကို
ဝင်စားပြီးမှ မိမိ အလိုရှိတဲ့အချိန်မှာ လျှင်မြန်စွာ ( ဈာန်ကနေ ) ထနိုင်တဲ့ (
ဝုဋ္ဌာန ဝသီ ) တွေကို နိုင်နင်းတဲ့ ပုဂ္ဂိုလ် ဖြစ်လို့သာ ဒီလိုဆောင်ရွက်နိုင်ပါသတဲ့
။။ ကျန် ရဟန်းတော်တွေကတော့ ဖန်ဆင်းတော်မူနိုင် ကြပေမဲ့ လျှင်မြန်မှုတော့
မရှိကြလို့ပါ ။။ ဒါ့ကြောင့် မထေရ်ကြီးက -- ငါ့ရှင်တို့ အကယ် ရွှ်သာ ရက္ခိတ မရှိပါလျှင် - ( တန်ခိုးရှင်ပေါင်း သုံးသောင်း ရှိပါလျက် )
နဂါးမင်းကို မစောင့်ရှောက်နိုင်ကြဘူး -- လို့ ငါတို့အားလုံး အကဲ့ရဲ့ ခံကြရပေလိမ့်မယ် ။ ဒါ့ကြောင့်
မိမိနှင့်အတူ ဆောင်ပြီး လှည့်လည်အပ်တဲ့ လက်နက် မည်သည်ကို အညစ်အကြေး သုတ်သင်ပြီး
တော့ ဆောင်ယူလှည့်လည်သင့်ပေတယ် -- လို့ သြဝါဒစကါး မြွက်ကြားတော်မူပါတယ် ။ ထိုအခါမှ စပြီး ထိုရဟန်းတော်
သုံးသောင်းတို့ဟာ ဝသီ ဘော် နိုင်နင်းသူများ ဖြစ်အောင် ကြိုးစားလို့ အောင်မြင်
ပေါက်မြောက်တော် မူကြပါတယ် ။။
ဒီလိုပါပဲ
မိမိ အားထုတ်ထားတဲ့ - သမထ ဝိပဿနာ ဘာဝနာဖြစ်စေ ။ မိမိ အစဉ် ပြုလုပ်တတ်တဲ့
ပုတီးစိပ်ခြင်း ၊ တရား ရှုမှတ်ခြင်း ၊ တရား ရွတ်ဖတ် ပူဇော်ခြင်း - စသည်တွေကို
မိမိရဲ့ နောက် ဆုံးအချိန်မှာ အဆင်သင့် အသုံးချနိုင်အောင် ကြိုတင်
အားထုတ်ထားသင့်ပါကြောင်း ---
No comments:
Post a Comment