အ န န္တ ရ +
သ မ န န္တ ရ
အနန္တရ နှင့်
သမနန္တရ ဆိုတာက သဒ္ဒါကွဲပြီး အနက် တူပါတယ် ။ အဓိပ္ပါယ်ကတော့ ( န=မရှိ + အန္တရ = အပေါက် / အကြား ။ ) အပေါက်အကြားမရှိ =
အခြားမဲ့( ခြားကွာခြင်းမရှိ ) လို့ ပြော တာပါ ။ ရှေ့ နှင့် နောက် တဆက်တစပ်တည်း
ဖြစ်နေတယ်ပေါ့ ။ စကြာမင်း ( လေးကျွန်းလုံးကို အစိုးရတဲ့ စကြဝတေးမင်း )
နတ်ရွာစံတော်မူတော့ သားကြီး အိမ်ရှေ့မင်းက စကြာမင်းအဖြစ်ကို ရရှိသလိုပါတဲ့ ။ ရှေ့က
ချုပ်ငြိမ်းခြင်းက နောက်က ဖြစ်ပေါ်ခြင်းကို အကြားမရှိစေပဲ ကျေးဇူးပြုတယ်
ထောက်ပံ့တယ် ။ ရှေ့စိတ်ချုပ်ပြီး နောက်စိတ်က ဆက်ပြီးဖြစ်သလိုပါပဲ ။ ထင်ရှားတဲ့
ဥပမာပြ ရရင် ရှေ့စိတ်နှင့် နောက်စိတ်တို့ တဆက်တည်း ဖြစ်နေတာကို ( မြစ်ရေ သည်
တဆက်တည်း အဆက်မပြတ် စီးဆင်းနေတယ် ။ စောစောက မိမိ ရှေ့က ရေမဟုတ်တော့ဘူး ဒါကိုပဲ လောကီမှာ မြစ်တမြစ်ထဲမှာ ရေ နှစ်ခါ
မချိုးနိုင်ဘူး လို့ပြောကြတာ ။ ) ရေတွေ
တဆက်တစပ်တည်း ရှေုရေ နှင့် နောက်ရေ ဆက်စပ်နေသလို
အကြားမရှိဘူး ။ ( ဝါ ) အခြားမဲ့ လို့ ပြောချင်တာပေါ့ ။
ရှေးရှေး
နာမ်တရားက နောက်နောက် နာမ်တရားကို မိမိကိုယ်တိုင်က ချုပ်ပြီး ဆက်ဖြစ်ခွင့်
ပေးလိုက်တယ်ပေါ့ ။ ဒီိနေရာမှာ မီးကြောင့် လင်းပြောင် + မီးကြောင့်မှောင် -- ဆိုတဲ့
စကါးရပ်ကို ထဲ့ပြီး စဉ်းစားကြည့်လိုက်ပါ ။ သဘော ကျနိုင်ပါလိမ့်မယ် ---
ဒီလောက်ဆိုရင် အနန္တရ + သမနန္တရ
ပစ္စည်းတွေကို သိနိုင်လောက်ပါပြီ ---
No comments:
Post a Comment