ပ ဋ္ဌာန်း အ ကြောင်း
အ ကျဉ်း
ပဋ္ဌာန်းအကြောင်း အကျဉ်းအားဖြင့် ပြောချင်ပါတယ် ။ သိချင်တဲ့ သူတွေ
အတွက်တော့ အဆင်ပြေ
မလား မသိဘူး ။ ( မေးထားတဲ့ တပည့်လဲ တခါတည်း ဖြေပြီးသား ဖြစ်သွားတာပေါ့
) ။
ပဋ္ဌာန်း ၂၄ ပစ္စည်းရှိတာ ကတော့ လူတိုင်းလောက်သိပြီးသားပါ ။ အဓိပ္ပါယ်
သိဖို့  ( အနက် မြန်မာပြန်
မဟုတ်ဘူး ) ကတော့ တော်တော်ခက်ပါတယ် ။ ဘာသာပြန်ထားတာလဲ မတွေ့ဖူးဘူး
။
အဲဒီထဲက ( ဟေတု ) ဆိုတာကို စရှင်းကြည့်ရအောင်
။ ။ ဟေတု = ဆိုတာ အကြောင်း ပဲ ။
ဘာနဲ့ တူသလဲဆိုရင် သစ်ပင်ရဲ့ ရေသောက်မြစ် - တဲ့ ။ ။ ပြောချင်တာက
ဆက်စပ်နေတဲ့ အားရှိတဲ့
အကြောင်းပေါ့ ။
ဟေတု ကိုေ - ကို - လုပ်ပြီး
တ -ဝမ်းပူ သတ် ကါ ( ဟိတ် ) လို့  ခေါ်ထားတာ ။။ ဟိတ် - ၆ ပါး
( ၆ ခု ) ရှိတယ်ပေါ့ ။ ။
၁/ လောဘ ၂/ ဒေါသ ၃/ မောဟ ( ဒါတွေက အကုသိုလ်ဆိုင်ရာတွေပေါ့ )
၎/ အလောဘ ၅/ အဒေါသ ၆/ အမောဟ ( ဒါတွေ က ကုသိုလ် နှင့် အဗျာကတ ဆိုင်ရာတွေပေါ့
) ။
လောဘ- ဆိုတာက လိုချင်တာ + တပ်မက်တာ ( ကုသိုလ်ဆိုင်ရာ မှာ လိုချင်တာတော့
မပါဘူး ) ။
ဒေါသ - ဆိုတာက ဖျက်ဆီးတတ်တာ
+ ပြစ်မှားတတ်တာ( ဆိုးသွမ်းတတ်တာပေါ့ ) ။
{ ကရုဏာ
ဒေါသ ဆိုတာလဲ ရှိသေးတယ် - ကရုဏာ-က သနားတတ်တာ ။ သနားလွန်းလို
့ ဒုက္ခရောက်နေတဲ့
သတ္တဝါအပေါ်က ဒုက္ခကို ဖယ်ရှားပေးချင်တာ ။ မတတ်နိုင်တော့ ဒေါသ( အသေးရော
အကြီးရော)
ဖြစ်လာတာကို ခေါ်တာပေါ့ ။ သနားခြင်းကြောင့် ဖြစ်လာတဲ့ ( သနားခြင်းအကြောင်းရှိတဲ့
) ဒေါသပေါ့
။ ကရုဏာ နှင့် ဆက်စပ်သော်လဲ ဒေါသပါပဲ ။ဒါ့ကြောင့်
မကေါင်းပါဘူး ။ }
မောဟ - ဆိုတာက တွေဝေတာ + မသိတာ ( မိုက်မှားတာ လို့ လဲ ပြောကြပါတယ်
။)
သူတို့ က စေတသိက်( စေတသိက ) တွေပေါ့ ။ စိတ်နှင့်ယှဉ်ပြီး
စိတ်ကို ချယ်လှယ်တတ်တဲ့သဘော
ရှိပါတယ် ။ ။ စိတ်ဆိုတာက
- အာရုံကိုသိ တတ်တဲ့ သဘောသက်သက် - ပဲ ။ ( အဖြူထည်
သက်သက် ဆိုပါတော့) ။။[[
ဒါ့ကြောင့် အရောင်အဆင်းမရှိတဲ့ ရေထဲမှာ အရောင်ရှိတဲ့ တစုံတခု ထဲ့
လိုက်ရင် ရေက အရောင်ရှိသွားပြီး ဘယ်အရောင်လို့  ခေါ်ဝေါ် သတ်မှတ်ကြရသလိုပါပဲ]] - အာရုံကို
သိတတ်ကါမျှ ဖြစ်တဲ့ စိတ်ကိုလဲ [ ဒေါသ နှင့် ယှဉ်တော့ = ဒေါသစိတ်
; လောဘ နှင့် ယှဉ်တော့ =
လောဘစိတ် ; မောဟနှင့်ယှဉ်တော့ မောဟစိတ် ] လို့  ခေါ်ရပါတယ် ။။ သူတို
့က အကုသိုလ် ဖြစ်စေ တတ်တဲ့ အကြောင်းတွေ ဖြစ်လို့  ( အကုသိုလ် ဟိတ်များ ) လို့  ခေါ်ပါတယ် ။
ဒီနေရာမှာ ကြားဖြတ်ပြီး ကုသိုလ် အဗျာကတ ဟိတ်တွေအကြောင်း မပြောမီ
ကုသိုလ်+ အကုသိုလ်+
အဗျာကတ - ဆိုတဲ့ အမည်တွေကို အရင်သိထားသင့်ပါသေးတယ် ။။
ကုသိုလ် - ဆိုတာက အပြစ်မရှိ
ကေါင်းကျိုးကို ပေးတတ်တဲ့ သဘောတရား ။။ ။။ အကုသိုလ် - ဆို တာက အပြစ်နဲ့တကွ ( အပြစ်ရှိပြီး ) မကေါင်းကျိုးကို
ပေးတတ်တဲ့ သဘောတရား ။။ ။။
သူတို့ ကတော့ ရှင်းပါတယ် ။။ ။။ အဗျာကတ - ဆိုတာကြတော့ နဲနဲ သဘော ထားပေးရမယ် ။
အဗျာကတ = မဟောကြားအပ် - လို့  ဆိုလိုတယ် ။ ဘာကိုမဟောကြားသလဲဆိုရင်
ဘုရားက
သူတို့ ကို ( ဒီတရားသဘောတွေကို ) ကုသိုလ်+
အကုသိုလ် - လို့  အမည်တပ်ပြီး မဟောကြားခဲ့ဘူး ။
သဘောကတော့ ကုသိုလ်
( ကေါင်းကျိုးပေးတတ်တဲ့ တရား ) အကုသိုလ် ( မကေါင်းကျိုး ပေးတတ် တဲ့ တရား ) လို့  မဟောခဲ့ဘူး ။။ ။ ။တခြား
ဝိပါက= ဝိပါက် + ကြိယာ ( =ကိရိယာ ) အနေနဲ့သာ
ဟောထားခဲ့တယ်ပေါ့ ။။
အဲဒီမှ ဝိပါက = ဝိပါက် ဆိုတာက အကျိုး - လို့ ခေါ်တယ် ။ ကေါင်းကျိုး
+ မကေါင်းကျိုး - ပေါ့ ။။
ကိ ရိယာ=ကြိယာ - ဆိုတာက ပြုခြင်း
- ပြုကာမျှ - ပြုကာမတ္တ -- လို့  ခေါ်တာပေါ့
။။( အကြောင်း လဲ မဟုတ်+ အကျိုးလဲ မဟုတ် ဘူး ။။ ။။ သေချာသဘောပေါက်ခဲ့မှ နောက်နောက် သဘောတွေ
ကို
သဘောပေါက်နိုင်မှာမို့  သေသေချာချာ လေ့လာထားလိုက်ပါနော် ။
ဒီ ဝိပါက်
+ ကြိယာ တို့ ကို အဗျာကတ --- လို့ ခေါ်တာပါပဲ
။။
စာသင်သားတွေအတွက် ပဋ္ဌာန်းသင်ပေးရာမှာတော့ -- ကုသိုလ်ကို = ကု ။ အကုသိုလ်ကို =
အကု
။ ဝိပါက - ကို = ဗျာ + ကြိယာကို - ဗျာ -- လို့  အတိုကေါက် ခေါ်ပြီး သုံးတာပေါ့ ။။
၎/ အလောဘ ၅/ အဒေါသ ၆/ အမောဟ
- ဆိုပြီး ကုသိုလ် + အဗျာကတ ဟိတ် - ၃ပါး လဲ
ရှိသေးတယ် ။ သူတို့  ကတော့ ကုသိုလ်နှင့် အဗျာကတ စိတ်တွေမှာသာ ယှဉ်တယ်
=ဖြစ်တယ်ပေါ့ ။
အလောဘ - ဆိုတာက လောဘရဲ့ ဆန့်  ကျင်ဘက် ၊ အဒေါသ - က ဒေါသရဲ့ ဆန်
့ ကျင်ဘက် ၊
အမောဟ - ကတော့ မောဟရဲ့ ဆန့်  ကျင်ဘက်ပေါ့ ။ ။ လောဘက လိုချင်တပ်မက်တယ်
<>
အလောဘ - က မလိုချင် မတပ်မက်ဘူး ။။ အဒေါသ - က မဖျက်ဆီးတတ် - မပြစ်မှားတတ်ဘူး
။။
အမောဟ - က မတွေဝေ မမိုက်မှား သိမြင်တတ်တယ်ပေါ့ ။။
အလောဘက ပေးကမ်း စွန့်  လွှတ် ကေါင်းမှု ပြုလုပ်ရာမှာ ဖြစ်တတ်တယ်
။ ။ အဒေါသ - ကတော့
ဒေါသကင်းစင်တဲ့ အခါ မေတ္တာစိတ် ဖြစ်နေတဲ့အခါ တွေမှာ ဖြစ်တတ်တယ် ။။
အမောဟ - ကတော့
မောဟရဲ့ ဆန့်  ကျင်ဘက် ပညာ ဖြစ်တဲ့ အခါမှာဖြစ်လေ့ရှိတယ် ။။
ဒီလောက် တိုတိုကျဉ်းကျဉ်းလောက် ဆိုရင် ရှေ့ ဆက်သွားလို့  ရလောက်ပြီထင်ပါတယ် ။။
ပဋ္ဌာန်းကလဲ ကျယ်ကျယ် + အဘိဓမ္မာကလဲ ခပ်ခက်ခက်
ဆိုတော့ သိပ်ကျယ်သွားရင် လည်ထွက် သွားလိမ္မယ် ။
{ အဒေါသ - ဆိုတာ မေတ္တာ ခေါ်တဲ့ အဒေါသ နှင့် မေတ္တာ မဟုတ်တဲ့ အဒေါသ
ဆိုပြီး နှစ်မျိုး
ရှိတယ်လို့  တော့ သတိပြုပေးခဲ့ပါနော် }
ဟေတုပစ္စယော
= ဟေတု + ပစ္စယ - ပေါ့ ။ ဟေတုက အကြောင်း ၊ ပစ္စယ - က ကျေးဇူးပြုတာ =
ထောက်ပံ့တာ ။ ။ ပေါင်းလိုက်တော့ အကြောင်းအားဖြင့် ကျေးဇူးပြုတယ် ထောက်ပံ့တယ်ပေါ့
။။
ဘယ်လိုကျေးဇူးပြုသလဲလို့  ဆိုတော့ -- သာမန် အဖြူထည်ဖြစ်တဲ့ , အာရုံကို သိကါမျှသာဖြစ်တဲ့ , စိတ်ကို အကုသိုလ်တရားတွေကို
အာရုံပြုအောင် ထောက်ပံ့တယ်ပေါ့ ။ သူတို့  နှင့် ယှဉ်မိ ပေါင်းမိတဲ့စိတ်က အကုသိုလ်အာရုံကို
အာရုံပြုပြီး အကုသိုလ်စိတ် ဖြစ်သွားတယ်။။
ယှဉ်ပုံကတော့ -- လောဘ - သည် လောဘစိတ်တွေ ( လိုချင်တပ်မက်တဲ့စိတ်တွေ
) မှာသာ
ယှဉ်တယ် ။ ဒေါသ - သည်
ဒေါသ စိတ်တွေ ( ဖျက်ဆီး ပြစ်မှားတတ်တဲ့ စိတ်တွေ ) မှာသာ ယှဉ်
ပါတယ် ။ မောဟ - ကတော့ လောဘ ရော ဒေါသ နှင့်ပါ ယှဉ်တယ် ။ လောဘ ဒေါသ
မပါပဲ သူ့ 
သက်သက်လဲ စိတ်နှင့် ယှဉ်တယ် ။။ သူတို့  ( လောဘ + ဒေါသ + မောဟ ) သည် အကုသိုလ် စိတ်
တွေမှာသာ ယှဉ်တယ်။ ။ ဒီတော့ လွယ်လွယ် ပြောရရင် လောဘ ဒေါသ မောဟ
- ဖြစ်နေရင်
အကုသိုလ်တွေ ဖြစ်နေတယ်လို့ 
သိပေါ့ ။။
အကုသိုလ်စိတ် ဖြစ်နေတာ တွေ့ရရင် ဒီ အကုသိုလ် ဟိတ် ၃ပါးက အကုသိုလ်စိတ်
တွေကို ဟေတု =
အကြောင်းအားဖြင့် ကျေးဇူးပြုနေတယ် ထောက်ပံ့နေတယ်လို့  သိပေါ့ ။ လောဘ စိတ်ဖြစ်နေရင် =
လောဘ နှင့် မောဟ ။။ ဒေါသစိတ်ဖြစ်နေရင် = ဒေါသ နှင့် မောဟ ။။ မောဟ
စိတ် ဖြစ်နေရင် = မောဟ ။။ ဒီဟိတ်တရားတွေက
ဟေတုပစ္စယ နှင့် ကျေးဇူးပြုနေကြတယ်ပေါ့ ။ (( ကျေးဇူးပြုတယ်ဆိုသော်လဲ ထောက်ပံ့ပေးတာကိုသာပြောချင်
တာ ။ ကေါင်းကျိုးပေးတာ ကို ပြောလိုတာ မဟုတ်ဘူး ))
ထို့  အတူပါပဲ မလိုချင်ခြင်း = အလောဘ ၊ မပြစ်မှား မဖျက်ဆီးလိုခြင်း
= အဒေါသ ၊ မတွေ ဝေ မမှား
ယွင်းပဲ အမှန်သဘောအတိုင်း သိနေရင် = အမောဟ -- တို့  ဖြစ်နေတယ် ။ ဒါဆိုရင် ကုသိုလ်စိတ်
တွေ (( အဗျာကတဖြစ်တဲ့ ဝိပါက် ကြိယာ စိ တ်တွေက ဖြစ်မှန်းသိဖို့  ခက်ခဲလို့ ပါ ။ )) ဖြစ်နေတယ် လို့  သိလိုက်ပေါ့နော်
။
ဥပုသ် သီလ ဆောက်တည်နေတယ် ။ ဘုရား တရားအာရုံပြုနေတယ် ။ ကေါင်းတဲ့
အလုပ်တွေ ( လူမှု
ရေးလဲပါတယ်။ ) လုပ်နေတယ်ဆိုရင် အလောဘ + အဒေါသ ဟိတ်တွေက ကုသိုလ်စိတ်တွေကို
ကျေးဇူးပြုနေတယ်ပေါ့ ။ အဒေါသမှာလဲ သတ္တဝါတွေ ကို အာရုံပြုပြီး ကျန်းမာ
ချမ်းသာကြပါစေ -စသည်ဖြင့် (( သတ္တဝါတွေရဲ့ အကျိုးစီးပွါးကို လိုလားပြီး ))
ဖြစ်တဲ့ စိတ်ကိုတော့ မေတ္တာစိတ်
လို့  ခေါ်တယ် ။။ ကျန်တဲ့ အချိန်မှာတော့ အဒေါသ ဟာ မေတ္တာ မဟုတ်ဘူး
။။
ဒီလိုပါပဲ အမောဟ - ကလဲ အမှန်သဘောကို သိနေစဉ်မှာ ဖြစ်တယ် ။ ပညာ
- ဥာဏ် လို့  ခေါ်တယ် ။
အနု အရင့် တော့ ကွာသပေါ့ ။ သိနိုင်တဲ့ အစွ မ်း ကွာခြားတာကို ပြောပါတယ်
။။ ဝိပါက် နှင့် ကြိယာ
က တော့ ဘု ရားမို့ သာ ပညာတော် ကြီးရင့်လို့  သိတော်မူနိုင်ခဲ့တာ ။ သူလို ကိုယ်လို အတွက် က
ပြောဖို့ တောင် မရှိပါဘူး ။ ဘုရားတရားကို သင်ယူ နားလည်ပြီး မှန်းဆသိ
သိနိုင်ရုံမျှ သာ ပါပဲ ။။
ဟိတ် ၆ - ပါး တရားတွေဟာ သူတို့  နှင့် ယှဉ်ဖက် စိတ်တွေနှင့် တကွ
စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တရားကို
ပါ ဟေတုပစ္စယ သတ္တိ နှင့်
ကျေးဇူးပြုပါတယ်။ ( မြင်သာအောင် ပြောပြရရင် ဒေါသဖြစ်နေစဉ်မှာ
မျက်နှာတွေ နီရဲ နေတာ အသံတွေဖေါက်ပြန်နေတာ ခန္ဓာကိုယ်တုန်လှုပ်နေတာ
-တွေဟာ ဒေါသ -စိတ်ကြောင့် ဖြစ်တဲ့ ရုပ်ရဲ့ အမူအယာတွေပါပဲ ။။ ကျန်တဲ့ လောဘ စိတ်စသည်
ဖြစ်နေစဉ်မှာလဲ
တွေးသာ ကြည့် လိုက်ပါတော့နော် - သိလောက်ပါပြီ ။ )
{{ ဟိတ် တမျိုးမျိုး ( ကု / အကု / ဗျာ - တို့ထဲက
တမျိုးမျိုး ) ထဲက ဟိတ် ၁ ခု နှင့်
ယှဉ်ရင် ဧကဟိတ် စိတ် ။ ဟိတ် ၂ ခု နှင့်ယှဉ်ရင် ဒွိဟိတ်စိတ် ။ ဟိတ်
၃ ခု နှင့် ယှဉ်ရင် တိဟိတ်စိတ် -- လို့ ဟိတ်နှင့် သတ်မှတ်ပြီး ခေါ်တာ လဲ
ရှိပါသေးတယ် ။။ }}
ဒီလောက်ဆိုရင် ဟေတုပစ္စယော အရ ဟေတု သတ္တိ နှင့် ကျေးဇူးပြုတတ်ပုံ
အကျဉ်းအားဖြင့်
သိလောက် ပါပြီ လို့  ယူဆပါတယ်
။။
No comments:
Post a Comment