Sunday, February 7, 2016

ဖတ်ချင်စဖွယ် ဓမ္မ စာပေထဲက ကုသိုလ်ဖြစ်စေမယ့် သုတ် ဝိနည်း အဘိဓမ္မာ ကလေးတွေကို
ပေါ့ပေါ့ ပါးပါး ဖတ်နိုင် မှတ်နိုင်စေဖို့ ရည်ရွယ်ထားပါတယ် ။
ဓမ္မဆိုတာကတော့ ပိဋက ပင်လယ်ကြီးဆိုတော့ အလွန်မှပဲ များလှပါတယ် ။
တခါကဒကါတယောက်က မြှောက်ပေးလို့ ဘုန်းကြီးတပါးက ကျေးသား ငါးရာ ဇာတ်ကို ဟောပါသတဲ့ ။
တကယ်တမ်း ဟောတော့ ဒကါက တဖြည်းဖြည်း မကြားချင်တော့လို့ အရပ်ခိုင်းပါတယ် ။  ကိုယ်တော့်နှယ်
တရားကို ဒီလောက် အရှည်ကြီးဟောရတယ်လို့ - လို့ အပြစ်တင်စကါးပြောတော့ -
ဒကါ့နှယ် ဒါတောင်မှ ဘုန်းကြီးက ကျေးသား တကေါင်အကြောင်း ဟောရသေးတယ်လို့ ပြန်ပြောသတဲ့ ။
နောက်ထပ် ၄၉၉ ကေါင် ဆက်ဟောမိရင် သေချာပေါက် ဒုက္ခ တွေ့တော့မယ်ပေါ့ နော် ။
ဒါ့ကြောင့် နဲနဲ ချင်းစီပဲ စကြရတာပေါ့ ။ မကြာခင် လာပါလိမ့်မယ် ။ ကျေးဇူးတင်ပါတယ် ။

No comments:

Post a Comment