Saturday, February 20, 2016

ThahaZarTa PissaYa



သ ဟ ဇာ တ ပ စ္စ ည်း
          သဟဇာတ = သဟ - အတူတကွ ++ ဇာတ = ဖြစ်ခြင်း ။ အတူတကွဖြစ်ပြီး ကျေးဇူးပြုတယ်။ အတူတကွ - ဆိုတော့  နာမ်တရား နှင့် ရုပ်တရားတွေ သူတို့ အချင်းချင်း အတူတကွ ဖြစ်ကြတာကို ပြောတာပေါ့ ။  ဒီနေရာမှာ ပဋ္ဌာန်းပါဠိတော် ( မကျဉ်းမကျယ် ) ထဲက နဲနဲ ထုတ်ပြောရအောင် ။  ( ၁ ) စတ္တာရော ခန္ဓာ အရူပိနော အညမညံ သဟဇာတပစ္စယေန ပစ္စယော ။  နာမ်ခန္ဓာ ၄ ပါးတို့သည် အချင်းချင်း ( ၁ ပါးသည် - ၃ ပါးနှင့် ၊ ၂ - ပါးသည်  ၂ ပါးနှင့် ၊ ၃ ပါးသည်  ၁ ပါးနှင့် ) အတူတကွဖြစ်ကြတယ် ။ အရူပ- ဆိုတာ ရုပ်မဟုတ်ဘူး / နာမ် လို့ ပြောတာ ။
          ( ၂ ) စတ္တာရော  မဟာဘူတာ  အညမညံ  သဟဇာတပစ္စယေန  ပစ္စယော ။ မဟာဘုတ် ၄ ပါး ရုပ်တရားတို့သည် အချင်းချင်း အတူတကွ  ( ၁ & ၃ ။ ၂ & ၂ ။ ၃ & ၁  )  ဖြစ်ကြတယ် ။  မဟာဘုတ် = ပထဝီ + တေဇော + အာပေါ + ဝါယော - တို့ ၄ ပါးကို ခေါ်တယ် ။
( ၃ ) သြက္ကန္တိက္ခဏေ နာမရူပံ အညမညံ သဟဇာတပစ္စယေန  ပစ္စယော ။  ( သြက္ကန္တ= အမိဝမ်းသို့ ပဋိသန္ဓေစိတ်အားဖြင့် သက်ဝင်ခြင်း ) မွေးဖွားတဲ့ = အချိန်ကို ဆိုလိုတာ မဟုတ် ။ ပဋိ သန္ဓေ စိတ်အားဖြင့် သက်ရောက်ရာ ခဏကို ဆိုလိုတာ ။ တစ်ဘဝရဲ့ နောက်ဆုံးစိတ်ဖြစ်တဲ့ စုတိစိတ် = သေတဲ့ နောက်ဆုံးစိတ် -- ရဲ့ အခြားမဲ့ မှာ ( တဆက်တည်း )  တစ်ဘဝရဲ့ အစဦးဆုံး စိတ် = ပဋိသန္ဓေ စိတ် ဖြစ်တယ် ။ ထိုစိတ်ဖြစ်ပေါ်တာကို ပဋိသန္ဓေ နေတယ် လို့ ဆိုလိုတယ် ။                                . (   မမွေးဖွားသေးမှီ အချိန်ကို အမိဝမ်းမှာ ကိန်းအောင်းတယ်လို့ ပြောစမှတ်ပြုတယ် ။  ) ဘုရားအလောင်းတော် ဖွားတော်မမူမှီ မယ်တော် အိပ်မက်မြင်မက်ချိန် နှင့် လုမ္ဗိနီ ဥယျာဉ်မှာ ဖွားတော်မူချိန် ၂ခုကို သတိထားကြည့်လိုက်ရင် ဉာဏ်ထဲမှာ လင်းသွားလောက်ပါတယ် ။
         ( ၄ )  စိတ္တ စေတသိကာ ဓမ္မာ  စိတ္တသမုဋ္ဌာနာနံ  ရူပါနံ  သဟဇာတပစ္စယေန ပစ္စယော ။ စိတ်စေတသိက် တရားတွေက( နာမ်တရား ) -  စိတ်ကြောင့် ဖြစ်ရတဲ့ ရုပ်တရားတွေ - ကို  သဟဇာတ ပစ္စယ သတ္တိ = အတူတကွဖြစ်ခြင်း  ဖြင့် ကျေးဇူးပြုကြတယ် ထောက်ပံ့ကြတယ် ။  စိတ်ကြောင့် ဖြစ်တဲ့ စိတ္တဇ ရုပ် ဆိုတာ ရှိတယ် ။ စိတ်ဆိုးချိန် / ပျော်ရွှင်ဝမ်းမြောက်ချိန် / တပ်မက်နှစ် သက်နေချိန် --  စသည်တွေမှာ သတိပြုကြည့်လိုက်ရင် ထင်ရှားတဲ့ သဘောရှိပါတယ် ။။ စိတ္တဇ ရုပ်ဆိုတဲ့ အမည်ရတာချင်း တူသော်လဲ ကုသိုလ်ကြောင့် ဖြစ်တဲ့ ရုပ်နှင့် အကုသိုလ်ကြောင့် ဖြစ်တဲ့ရုပ် ချင်းကတော့ မတူပါဘူး ။ သာမန် ကာမ - ကုသိုလ်ထက် < ဈာန် - ကုသိုလ်ရဲ့ စိတ္တဇရုပ် ။ ဈာန်ကုသိုလ် ထက် < မဂ် ကုသိုလ် ရဲ့ စိတ္တဇ ရုပ်က ပိုလို့ သာလွန်ကေါင်းမြတ်ပါသတဲ့ ။။
ဒါ့ကြောင့် အရဟတ္တဖိုလ်ကို ရောက်ပြီးကါစ ရဟန္တာ အရှင်မြတ်တွေ ရဲ့ မျက်နှာတော်ဟာ အညှာက ကြွေပြီးကါစ ထန်းသီးမှည့်ကဲ့သို့ ထူးခြားစွာ အရောင်အဝါ နှင့်ပြည့်စုံပါသတဲ့ ။။   တရားရှုမှတ်နေရင်း တည်ကြည်မှုတွေ သိပ်အားကေါင်းတဲ့အခါ အချိန်တွေ ကြာသွားသော်လဲ မထုံမကျင် မနာပဲ ဘာမှ မကြာလိုက်သလိုပဲ ဆိုတာ -  အားကြီးတဲ့ ကုသိုလ်စိတ်တွေကြောင့် နုညံ့တဲ့ သိမ်မွေ့တဲ့ ရုပ်ကေါင်း တွေ ဖြစ်နေလို့ပါ ။ ( ကိုယ်တိုင်တွေ့ဖူးအောင် + တွေ့ဖူးပြီးရင်လဲ ထပ်ကါထပ်ကါ တွေ့ရအောင် ကြိုးစားပေးကြပေါ့နော် )
         ( ၅ ) မဟာဘူတာ  ဥပါဒါ ရူပါနံ  သဟဇာတ ပစ္စယေန  ပစ္စယော ။။  မဟာဘုတ် ( ရုပ် ) တရားတွေက သူတို့ကို အစွဲပြုပြီး ဖြစ်တဲ့ ဥပါဒါရုပ်တွေ ကို သဟဇာတ ပစ္စယသတ္တိ = အတူတကွ ဖြစ်ခြင်းဖြင့် ကျေးဇူးပြုတယ်ပေါ့ ။ ( ဒီနေရာမှာ ရှင်းလိုက်ရင် ပိုရှုပ်သွားလိမ့်မယ် နော် )
         ဒီ ၅ ချက်မှာ ရှေ့က  ၁ -၂ - ၃  တို့မှာ အချင်းချင်း လို့ အထူးပြုပြီး ဆိုထားတယ် ။ သေချာ သတိထားပေးလိုက်မှ နောင် သူ့ရဲ့ ဆက်စပ်နေတဲ့ ပစ္စည်းတွေကို သိနိုင်မယ် ။
         ဇာတ်တော်ထဲက ဆိတ်က အသားတုံးကို စားဖိုအိမ်ကနေ ယူလာခဲ့ ပြီး ခွေးကိုပေး ။  ခွေးက ဆင်တင်းကုပ်က ဆင်စာမြက်ကို ကိုက်ချီယူလာပြီး ဆိတ်ကိုကျွေးတယ် ။  ဒါ အချင်းချင်း သဟဇာတ = အတူတကွ ဖြစ်ပြီး စားရေး အသက်ရှင်ရေးမှာ ကျေးဇူးပြုတာ ထောက်ပံ့နေတာပါ ။ဒီလောက်ဆိုရင် သဟဇာတ ပစ္စည်းကို သဘောပေါက်နိုင်ပါလိမ့်မယ် ထင်တယ် ။
        

AnnanT+ThamananTra Pissaya



အ န န္တ ရ + သ မ န န္တ ရ
          အနန္တရ နှင့် သမနန္တရ ဆိုတာက သဒ္ဒါကွဲပြီး အနက် တူပါတယ် ။ အဓိပ္ပါယ်ကတော့ ( န=မရှိ +  အန္တရ = အပေါက် / အကြား ။ ) အပေါက်အကြားမရှိ = အခြားမဲ့( ခြားကွာခြင်းမရှိ ) လို့ ပြော တာပါ ။ ရှေ့ နှင့် နောက် တဆက်တစပ်တည်း ဖြစ်နေတယ်ပေါ့ ။ စကြာမင်း ( လေးကျွန်းလုံးကို အစိုးရတဲ့ စကြဝတေးမင်း ) နတ်ရွာစံတော်မူတော့ သားကြီး အိမ်ရှေ့မင်းက စကြာမင်းအဖြစ်ကို ရရှိသလိုပါတဲ့ ။ ရှေ့က ချုပ်ငြိမ်းခြင်းက နောက်က ဖြစ်ပေါ်ခြင်းကို အကြားမရှိစေပဲ ကျေးဇူးပြုတယ် ထောက်ပံ့တယ် ။ ရှေ့စိတ်ချုပ်ပြီး နောက်စိတ်က ဆက်ပြီးဖြစ်သလိုပါပဲ ။ ထင်ရှားတဲ့ ဥပမာပြ ရရင် ရှေ့စိတ်နှင့် နောက်စိတ်တို့ တဆက်တည်း ဖြစ်နေတာကို ( မြစ်ရေ သည် တဆက်တည်း အဆက်မပြတ် စီးဆင်းနေတယ် ။ စောစောက မိမိ ရှေ့က ရေမဟုတ်တော့ဘူး  ဒါကိုပဲ လောကီမှာ မြစ်တမြစ်ထဲမှာ ရေ နှစ်ခါ မချိုးနိုင်ဘူး လို့ပြောကြတာ ။ )  ရေတွေ တဆက်တစပ်တည်း ရှေုရေ နှင့် နောက်ရေ ဆက်စပ်နေသလို  အကြားမရှိဘူး ။ ( ဝါ ) အခြားမဲ့ လို့ ပြောချင်တာပေါ့ ။
         ရှေးရှေး နာမ်တရားက နောက်နောက် နာမ်တရားကို မိမိကိုယ်တိုင်က ချုပ်ပြီး ဆက်ဖြစ်ခွင့် ပေးလိုက်တယ်ပေါ့ ။ ဒီိနေရာမှာ မီးကြောင့် လင်းပြောင် + မီးကြောင့်မှောင် -- ဆိုတဲ့ စကါးရပ်ကို ထဲ့ပြီး စဉ်းစားကြည့်လိုက်ပါ ။ သဘော ကျနိုင်ပါလိမ့်မယ် ---
           ဒီလောက်ဆိုရင်  အနန္တရ + သမနန္တရ ပစ္စည်းတွေကို  သိနိုင်လောက်ပါပြီ ---
       

Thursday, February 18, 2016

AdiPaTi Pissaya

အ ဓိ ပ တိ ပ စ္စ ယ အ ကြော င်း
အဓိပတိ ပစ္စည်း ဆိုတာ မိမိနှင့် ဆက်စပ်နေတဲ့ တရားတွေ အပေါ်မှာ လွန်ကဲစွာ အစိုးရတတ်တဲ့ အကြောင်း တရား ဖြစ်ပါတယ် ။ ။  ၁ ။ ဆန္ဒ   ၂ ။  ဝီရိယ  ၃ ။ စိတ်  ၄ ။  ပညာ -- ဆိုပြီး အဓိပတိ တရားသဘော ၄ - မျိုးရှိပါတယ် ။  ကြားဖူးကြမယ် ထင်ပါတယ် -- ဆန္ဒဝတော ကိံ  နာမ   န  သိဇ္ဈတိ  (  ဆန္ဒတွေ ပြင်းထန်နေတဲ့ သူအတွက် မပြီးဖူး မအောင်မြင်ဖူး ဆိုတာ မရှိဖူး ) ဆိုတဲ့ စကါးရပ်ကလေး လေ ။  ဒီလို ပဲ --  ဆန္ဒဖြစ်စေ  /  ဝီရိယ ဖြစ်စေ  /  စိတ်က  ဖြစ်စေ  /  ပညာ က ဖြစ်စေ  -  မပြုမီ  ရှေးအဖို့ကနေပြီး လွန်ကဲ ပြင်းထန်တဲ့  အားကြီးတဲ့ အကြောင်း အနေအားဖြင့် ဆန္ဒ + ဝီရိယ + စိတ် + ပညာ - တို့က ဦးဆောင်ပြီး ကိုယ်တိုင်လဲ ဖြစ်တယ် ။ ယှဉ်ဖော်ယှဉ်ဖက် တရားသဘော တွေကိုလဲ  သူတို့ အလိုအတိုင်း ဖြစ်စေတတ်တယ် ။
အလုပ်တခု ကို ပြုလုပ်ရာမှာ ဆန္ဒ ၊ ဝီရိယ ၊ စိတ် ၊ ပညာ -- သူတို့ လေးပါး စလုံး ပါချင်ပါမယ် ။ သို့သော် တဦးတည်း ကသာ  အဓိပတိ အနေအားဖြင့် ကျေးဇူးပြုနိုင်တယ် ။  {{  မင်း ဧကရာဇ် နှင့် တူပါတယ် ။  ဘယ်လောက်ပဲ မင်း မှူး မတ်တွေ ဝန်ကြီး စသည်တွေ ပေါများကြသော်လဲပဲ  မင်းဧကရာဇ်က သာလျှင် အဓိက ဖြစ်သလိုပါပဲ ။။  }}  သဘော ပေါက်လောက်မယ် ထင်ပါတယ် ။

ထို့အတူပါပဲ ဆန္ဒတရားက  လွန်ကဲနေလျှင်  ဆန္ဒာဓိပတိ -- ဆိုပြီး ဖြစ်တယ် ။ ဝီရိယ လွန်ကဲနေလျှင်  /  စိတ်က ဦးဆောင်နေလျှင်  /   ပညာက  ဦးဆောင်နေလျှင် -- ပညာဓိပတိ -စသည်အားဖြင့် အဓိပတိ ပစ္စည်း အနေအားဖြင့် ကျေးဇူးပြုကြ  (  ထောက်ပံ့ ကြ ) ပါတယ် ။။      ။။  ဒီနေရာမှာ ကြိုပြီး ပြောထားလိုတာက က္ကုနြ္ဒိယ ပစ္စည်းကလဲ သူ့ရဲ့ ဆိုင်ရာ ကိစ္စ တွေမှာ အစိုးရတာပဲ ။ ဒါဖြင့် အစိုးရတာချင်းတူမနေ ဘူးလား - ဆိုတော့ မတူကြပါဘူး ။ သူတို့က မိမိ တို့ရဲ့ သက်ဆိုင်ရာမှာသာ  အစိုးရပါတယ် ။ 

ArRammana Pissaya

အာ ရ မ္မ ဏ ပ စ္စ ည်း
အာရမ္မဏ ပစ္စည်း အကြောင်းပြောကြရအောင် ။  အာရမ္မဏ = အာရုံ ။။ အာရုံက ၆ - ပါးရှိတယ် ။ ဒီ အာရုံ အကြောင်းတရားတွေက အာရမ္မဏိက ခေါ်တဲ့ အာရုံပြုတတ်တဲ့ ( စိတ် ) တရားတွေကို အာရုံ ဟူသော အကြောင်းသတ္တိ ဖြင့် ကျေးဇူးပြုတယ် ထောက်ပံ့တယ် ။။
မျက်စိ = စက္ခု ရဲ့ အာရုံက အဆင်း (  မြန်မာလိုတော့ အရောင်အဆင်းပေါ့ ။ အရောင်လို့ မပြောနဲ့ ။ ) မျက်စိဖြင့် မြင်ကေါင်းသမျှ အဆင်းရုပ်ကို ပြောလိုတာ ။။  နား = သောတ ရဲ့ အာရုံက အသံ ။။  နှာခေါင်း = ဃာန ရဲ့ အာရုံက အနံ့ ။။  လျှာ = ဇိဝှါ ရဲ့ အာရုံက အရသာ ( ရသာ )  ။။ ကိုယ် = ကါယ ရဲ့ အာရုံက အတွေ့အထိ ( တွေ့ထိတာ ကိုပြောလိုတာ ။ အထည်ကိုယ် ကို ပြောလိုတာမဟုတ် ) ။။  စိတ် = မနော ( တချို့ နေရာမှာ စိတ္တ သဒ္ဒါ နဲ့လဲ ဟောပါတယ် ။ ) ရဲ့ အာရုံက အတွေးအကြံ  ။။ 
မျက်စိ + နား + နှာ + လျှာ + ကိုယ် + စိတ် -- တို့မှာ ပေါ်ပေါက်လာတဲ့ အာရုံ တွေဖြစ်တဲ့ --  အဆင်း + အသံ + အနံ့ + အရသာ + အတွေ့ + အတွေး အကြံ -- ၆ မျိုးတို့ကို အာရုံ လို့ ခေါ်ပါ တယ် ။ အာရုံတွေက စာလိုတော့ ( ရူပါရုံ + သဒ္ဒါရုံ + ဂန္ဓာရုံ + ရသာရုံ + ဖေါဋ္ဌဗ္ဗာရုံ + ဓမ္မာရုံ ) ပေါ့ ။ သူတို့ဆိုင်ရာအာရုံ နှင့် သူ့ဖြစ်ရာစိတ် တွဲသိကြပြီးသားပါ ။
တခု သေချာမှတ်ထားသင့်တာက စိတ်ဟာ တကြိမ်မှာ တမျိုးသာ ဖြစ်တယ် ။ စိတ် ၂ ခု တပြိုင်တည်း မဖြစ်ဘူး ။ ။ ဒါဟာမုချ ပဲ ။ ။    ။။   ဒါ့ကြောင့် မျက်စိလဲ ကေါင်းတယ် ။ သတိလဲ ရှိတယ် ။ မြင်ဖို့ မျက်စိ ကိုလဲ ဖွင့်ထားတယ် ။ သို့သော်လဲ စိတ်က တောင်တွေးမြောက်တွေးနဲ့ မျောနေချိန် မှာ ရှေ့ တည့်တည့်က ရပ်နေတဲ့ လူတယောက်လုံးတောင် မမြင်ဘူး -- ဆိုတာ ကြုံဖူးရင် သဘောပေါက်ပါ လိမ့်မယ် ။။ 
ဘဝကံ က စီမံလိုက်ပုံ တယောက်နှင့် တယောက် မတူညီကြတော့ အမြင် အကြား - စသည်မှာ စွမ်းအားတော့ ကွာခြားပါတယ် ။ အကျဉ်းချုပ်ပြောရရင် အာရုံ အကြောင်းတရားသည် သူနှင့် သက်ဆိုင်ရာ နာမ်တရားကို အာရမ္မဏ ပစ္စယ သတ္တိ ( အာရုံ ဟူသော အကြောင်း ) ဖြင့် ကျေးဇူးပြု ပါတယ် ။။  မျက်စိ နှင့် အဆင်း ( ရူပါရုံ ) --  စိတ် နှင့် အတွေး အကြံ ( ဓမ္မာရုံ ) တွဲဖက်ပြီး သာ ကြံ စည်လိုက်ပါတော့နော် ။။
{{ ရုပ် နှင့် နာမ် မှာ --  အာရုံကို မသိတတ်တာက ရုပ်  ။။   သိတတ်တာက နာမ် - လို့ ဒီလောက်တော့ သဘောထားမိမယ် ထင်ပါတယ် ။။ }}
               ဒီ အာရမ္မဏ ပစ္စည်း ရဲ့ အာရုံပြုပုံကို အကျယ်ပြောရရင်တော့  ပြောမဆုံးပေါင် ပေါ့ နော် ။။  ဒါ့ကြောင့် ---   မျက်စိက အဆင်းရုပ်တခုခုကို မြင်တဲ့အခါ  မြင်စိတ် (  စက္ခုဝိညာဏ် စိတ် ) ဖြစ်တယ်။ နားက အသံ ကို ကြားတဲ့အခါ ကြားစိတ် ( သောတဝိညာဏ် စိတ် ) ဖြစ်တယ် ။ နှာခေါင်းက  အနံ့ ကို နံတဲ့အခါ ( မွှေးတာရော နံတာရောပေါ့ ) နံစိတ် ( ဃာန ဝိညာဏ် စိတ် ) ဖြစ်တယ် ။ လျှာ က အရသာ ကို သိတဲ့အခါ ( ဇိဝှါ ဝိညာဏ် စိတ် ) ဖြစ်တယ် ။ ခန္ဓာကိုယ် က (  ကိုယ် = body ) ထိမှု တွေ့မှု ကို သိတဲ့အခါ  ထိသိစိတ် (  ကါယဝိညာဏ် စိတ် ) ဖြစ်တယ် ။
           အတွေးအကြံ ကို သိတဲ့အခါ ( မနော + မနောဝိညာဏ် စိတ် ) ဖြစ်တယ် ။။  ဒီ မနော နှင့် မနော ဝိညာဏ် စိတ်ကို ထပ်ခွဲ ပြချင်သော်လဲ တော်တော်ကို ကျယ်ဝန်းပြီး သိနိုင်ဖို့ အချိန်တွေလဲ အများကြီး စာတွေကလဲ အများကြီး ဆိုတော့ ဒီ အကျဉ်းလောက်ဆိုရင်လဲ သဘောလောက်ကတော့ သိနိုင်ပြီမို့ တို + ကျဉ်း + လိုရင်း နှင့်ပဲ ထားလိုက်ကြစို့နော် ။။
              အာရုံ ၆ ပါး က ပစ္စည်းတရား ၊  အာရုံပြုတတ်တဲ့ ( စိတ် + စေတသိက် က ) နာမ် တရား ။    အာရုံ တရားတွေက သက်ဆိုင်ရာ နာမ် တရားတွေကို အာရုံ- တည်းဟူသော အကြောင်းတရား အားဖြင့်  ကျေးဇူးပြုတယ် / ထောက်ပံ့တယ် ။ ဒါက လိုရင်းပေါ့ ။ 
             အလိုရှိအပ်တဲ့ အာရုံကို ( ပါဠိလို က္ကုဋ္ဌာရုံ )  ။ အလိုမရှိအပ်တဲ့ အာရုံကို ( ပါဠိလို အနိဋ္ဌာရုံ ) ။  ဒီနေရာမှာ အလိုရှိအပ်တဲ့ က္ကုဋ္ဌာရုံ ဆိုရင် အကေါင်းပဲလို့ ထင်မိမယ် ။ ခွေးတကေါင် အတွက် မစင် - ဟာ က္ကုဋ္ဌာရုံပေါ့ ။ ဒါပေမဲ့ -- ပေါ့ ။ ဘုရား ရဲ့ အဆင်းရုပ်က လောကမှာ ဗြဟ္မာမင်းနှင့် နှိုင်းခိုင်းရလောက်အောင်  အလွန်ပင် တင့်တယ်သော်လဲ အချို့ ဘာသာမတူသူတွေ အတွက်မှာတော့ အလွန်မှ မကေါင်းလေခြင်းဆိုပြီး မျက်စိကို နံ့သာရေ နှင့် ဆေးပါသတဲ့ ။ ဒါ့ကြောင့် အာရုံပြုတဲ့ ပုဂ္ဂိုလ် ကိုလိုက်ပြီး သတ်မှတ် တတ်ကြတယ် ဆိုတာလေးကို သတိပြုမိလောက်ပါရဲ့နော် ။
              တွေ့ရတဲ့ အာရုံပေါ်မှာ မူတည်ပြီး ပုံမှန်ဆိုရင် ကုသိုလ် အကုသိုလ် စသည် ပုံမှန်ဖြစ် တတ် သော်လဲ အာရုံပြုသူရဲ့ စိတ်နှလုံးသွင်း ဓါတ်ခံ ပေါ်မှာ မူတည်ပြီး တော့လဲ ဖြစ်တတ်ပါသေးတယ် ။

        ဥပမာ ပြရရင် --  လမ်းမှာတွေ့တဲ့ အညစ်အကြေး ကို မြင်တဲ့ သူ ၂ ယောက်မှာ တယောက်က စက်ဆုပ်ဖွယ် အနေဖြင့် မြင်မယ် ။ ကျန်တယောက်က  လမ်းမှာ ကုသိုလ် ရဖို့ အကြောင်းရင်းတခု လို့ မြင်နိုင်ပါတယ် ။ ။     ။။ ဘုရားရှင်ဟာ အလွန်အလိုရှိအပ်တဲ့ အာရုံ ဖြစ်သော်လဲ မိစ္ဆာဒိဋ္ဌိ တယောက် အတွက်တော့ အလွန် မကေါင်းတဲ့ အာရုံ ပါပဲ - တဲ့ ( စာထဲမှာ တွေ့ဖူးတာကိုပြောတာပါ  ) ။။   ဒါလေးတွေ သိထားပြီးရင်တော့ သတိပြုနိုင်ပြီပေါ့နော် ။။   အဆင်ပြေလောက်ပြီထင်ပါတယ် ----

Wednesday, February 17, 2016

about me & blog

  အသက် ၅၀ ကျော်မှ IT နဲနဲ ပါးပါး လေ့လာပြီး ကုသိုလ်ဖြစ် လိုင်းတက်နေတဲ့ ဘုန်းကြီး ဆိုတော့ သိပ်ပြီး  ဘာတွေညာတွေ မသိတတ် ပါဘူး ။ cbox  တို့ဆိုတာ မလုပ်တတ်သေးတော့ အတော်ခက်တာပေါ့ ။  ဒါ့ ပြင်   တခြား ဘလော့တွေနဲ့ ချိတ်ဖို့ တို့ဆိုတာလဲ ကိုယ့်အတွက်ကတော့ ခက်တာပါပဲ ။  ဒါတောင်မှ blogspot.com  က  ဝိုင်းတော်သားတွေရဲ့ တချို့ မျှဝေထားတဲ့ စာကလေးတွေ ဖတ်ပြီး စမ်းကြည့်ရတာ ။  အကယ်လို့များ ပြုပြင်ပေးမယ့်သူ ရှိခဲ့ရင်တော့ အကေါင်းဆုံးပေါ့ ။ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ် ။ အကြံဥာဏ် / အကူအညီ -ပေးချင်တာ + တောင်းဆိုချင်တာ ရှိခဲ့ရင် အားမနာတမ်း ပြောဆို ရေးသားခဲ့ နိုင်ပါတယ် -လို့ ။

How to drink at Kyaung



( ဒီစာလေး မြည်းကြည့်ပြီး ကြိုက်တယ်ဆိုရင် စမ်းကြည့်ကြဖို့ -)
တလောက ဒကါတွေ ကျောင်းရောက်လာစဉ်မှာ - ဘုန်းကြီး သောက်ရေအိုးကို မသောက် ကေါင်းဖူး - ဆိုတဲ့ အကြောင်း ကြားလိုက်ရတယ် ။  ဘာကြောင့်လဲလို့ ဆင်ခြင်ကြည့်လိုက်တော့ -
ဝိနည်းထဲမှာ ရဟန်းတော်များ နေလွဲ ညစာ စားခြင်း ၊  အကပ်မခံပဲ စားသုံးခြင်း - ပညတ်ချက်တွေနှင့် ညိနေတာ တွေ့ရပါတယ် ။
နေလွဲညစာ ဆိုတာက ( နံက် အာရုဏ်တက် နှင့် နေ့ မွန်းတည့် အတွင်းမှ ) အခြားသော အချိန်မှာ စားတဲ့ အစာ ကို ဆိုလိုတာပါ ။     အကပ်မခံပဲဆိုရင်တော့ ( ရေ +ဒန်ပူ = သွားပွတ်တံ ) တို့ကိုသာ  ကိုယ်တိုင် ( အကပ်မခံပဲ ) သုံးဆောင်ကေါင်းပါတယ်။
ဒါဖြင့် ဘုန်းကြီးသောက်ရေအိုးကရေနှင့် ဘာများသက်ဆိုင်သလဲ - လို့မေးရင်  သွယ်ဝိုက်ပြီးတော့ သက်ဆိုင်ပါတယ် လို့ ဖြေမယ် ။ ရေခွက်မှာ မိမိ နှုတ်ခမ်း လက် - စသည်ကနေ ကပ်ကျန်ရစ်တဲ့ အရာ တွေက ရေနှင့်အတူ ရေဘုဉ်းပေးတဲ့ ရဟန်း အာခံတွင်းကို လွန်သည်နှင့် (( အကပ်မခံ ရတဲ့အပြစ် + မွန်းလွဲချိန်မှာ ဆိုရင် - နေလွဲ ညစာ ( မကောင်းတာ ကောင်းတာထား ) အဖြစ် သက်ရောက်နေလို့ - ဝိကာလ ဘောဇန အပြစ် )) အပြစ် အာပတ် ၂ မျိုး သင့်စေနိုင်ပါတယ် ။
ဒါ့ကြောင့် မိမိ အနေနှင့် ကျောင်းမှာ ကြုံလာခဲ့ရင် ရေသောက်ပြီး ခွက်ကို သန့်ရှင်းပေးထားခဲ့ဖို့ တော့ လိုတာပေါ့ ။ ဒါဟာ မိမိ/သူတပါး အတွက် ရဟန်းတော်များ အပြစ်ကင်းအောင် စောင့်ရှောက်တဲ့ သာသနာပြု = သာသနာနုဂ္ဂဟ ကုသိုလ် + ဝေယျာဝစ္စ ကုသိုလ် တွေ ရနိုင်ပါတယ် ။
သိထားပြီး လိုက်နာ ကျင့်သုံးဖို့ကတော့ မိမိ အလိုဆန္ဒ အတိုင်းပါပဲ ။ ဘုန်းကြီးကတော့ ကြက်သွန် တတက်မျှဝေလိုက်ပါတယ် ။

Sunday, February 14, 2016

စာထဲက တန်ခိုးများ ၁



အရှင်ဗုဒ္ဓရက္ခိတ ရဲ့ အစွမ်း
          အရှင်မြတ်က သီဟို မှာ  သာသနာတော် လွန်စွာ ထွန်းကားနေစဉ်က ဖြစ်ပါတယ် ။ အသောက မင်းတရားကြီးရဲ့ သားတော် အရှင် မဟိန္ဒ တို့ သီဟိုကျွန်းကို သာသနာပြု ကြွချီတော် မူတဲ့ အခါ ကေါင်းကင်ခရီးကနေပြီး ကြွတော်မူခဲ့ကြပြီး သရက်ပင်တောအုပ်ရှိတဲ့ တောင်ကုန်းတခု ပေါ်ကို ဆင်းသက်တော်မူခဲ့ကြပါတယ် ။ နောင်အခါမှာတော့ ထိုတောင်ကုန်းသည် မူလအမည်ပျောက်ပြီး မထေရ်မြတ်တို့ ဆင်းသက်တော်မူရာ ကုန်းမြေ - လို့ပဲ အမည်တွင်ပါတော့တယ် ။ ပါဠိလိုကတော့ ထေရမ္ဗတ္ထလ = ထေရမ္ဗကုန်း ( ထေရ = အရှင်မဟိန္ဒ အစရှိသော မထေရ်များ + အမ္ဗ = သရက်ပင် များ  + ထလ = ရှိသော တောင်ကုန်း ) သရက်ပင် အစုရှိသော အရှင်မဟိန္ဒ အစရှိသော မထေရ်များ  ကေါင်းကင်မှ သက်ဆင်းရာ ဌာန - ပေါ့နော် ။
         ထို ထေရမ္ဗတောင်ကုန်း ( ကျောင်းတိုက် ) မှာ မဟာရောဟဏဂုတ္တ အမည်ရတဲ့ မဟာထေရ် တပါး သီတင်းသုံးပါတယ် ။ ထိုမထေရ် နာမကျန်းဖြစ်လာတော့ တန်ခိုးရှင်ဖြစ်တဲ့ တပည့် ရဟန်းတော် ပေါင်း သုံးသောင်းတို့က သူနာပြုစုကြဖို့ ကြွလာခဲ့ပါတယ် ။ ရဟန်း သိက္ခာ အားဖြင့် ( ၈ ) ဝါ သာ ရ သေးတဲ့ အရှင် ဗုဒ္ဓရက္ခိတ မထေရ် - လဲ ကြွလာပါတယ် ။
         မထေရ်ကြီး အနီးမှာ ရဟန်းတော်ပေါင်း သုံးသောင်း ဝန်းရံ ထိုင်နေစဉ် မထေရ်ကြီးကို သူနာပြု နေတဲ့ နဂါးမင်းက ယာဂုဆက်ကပ် နေပါတယ် ။ ထိုအခိုက်မှာပဲ နဂါးကို စားလိုတဲ့ ဂဠုန်တကေါင်က ကေါင်းကင်ကနေ ထိုးဆင်းလာပါတယ် ။ နဂါးမင်းက သိလျှင်ပဲ အလွန်ကြောက်လန့် ပြီး ကယ်တော်မူ ကြပါဘုရား ဆိုပြီး သံဃာတော်ကို အသနားခံတော့  ၈ - ဝါသာရသေးတဲ့ အရှင်ဗုဒ္ဓရက္ခိတ က သံဃာ ကို စူးစမ်းကြည့်ပြီးမှ ချက်ချင်းပဲ ( ပထဝီ ကသိဏဈာန်ကို ဝင်စားပြီး )  တောင်ကို ဖန်ဆင်းလျက်  နဂါးမင်းကို လက်မှာ ဆွဲကိုင်လို့ ဖန်ဆင်းထားတဲ့ တောင်ခေါင်းထဲကို ဝင်ပါတယ် ။
          ဂဠုန်ကတော့ အရှိန်လွန်ပြီး တောင်နှင့် တိုက်မိပြီး ပြန်ပြေးတာပေါ့ ။ ထိုအရှင် ဗုဒ္ဓရက္ခိတ ဟာ မိမိအလိုရှိသလောက်ကါလအတွင်း ဈာန်စိတ်ကို ထားနိုင်တဲ့ ( အဓိဋ္ဌာန ဝသီ ) ၊ ဈာန်ကို ဝင်စားပြီးမှ မိမိ အလိုရှိတဲ့အချိန်မှာ လျှင်မြန်စွာ ( ဈာန်ကနေ ) ထနိုင်တဲ့ ( ဝုဋ္ဌာန ဝသီ ) တွေကို နိုင်နင်းတဲ့ ပုဂ္ဂိုလ် ဖြစ်လို့သာ ဒီလိုဆောင်ရွက်နိုင်ပါသတဲ့ ။။ ကျန် ရဟန်းတော်တွေကတော့ ဖန်ဆင်းတော်မူနိုင် ကြပေမဲ့ လျှင်မြန်မှုတော့ မရှိကြလို့ပါ ။။ ဒါ့ကြောင့် မထေရ်ကြီးက -- ငါ့ရှင်တို့ အကယ် ရွှ်သာ  ရက္ခိတ မရှိပါလျှင် -  ( တန်ခိုးရှင်ပေါင်း သုံးသောင်း ရှိပါလျက် ) နဂါးမင်းကို မစောင့်ရှောက်နိုင်ကြဘူး -- လို့ ငါတို့အားလုံး  အကဲ့ရဲ့ ခံကြရပေလိမ့်မယ် ။ ဒါ့ကြောင့် မိမိနှင့်အတူ ဆောင်ပြီး လှည့်လည်အပ်တဲ့ လက်နက် မည်သည်ကို အညစ်အကြေး သုတ်သင်ပြီး တော့ ဆောင်ယူလှည့်လည်သင့်ပေတယ် -- လို့ သြဝါဒစကါး မြွက်ကြားတော်မူပါတယ် ။   ထိုအခါမှ စပြီး ထိုရဟန်းတော် သုံးသောင်းတို့ဟာ ဝသီ ဘော် နိုင်နင်းသူများ ဖြစ်အောင် ကြိုးစားလို့ အောင်မြင် ပေါက်မြောက်တော် မူကြပါတယ် ။။
         ဒီလိုပါပဲ မိမိ အားထုတ်ထားတဲ့ - သမထ ဝိပဿနာ ဘာဝနာဖြစ်စေ ။ မိမိ အစဉ် ပြုလုပ်တတ်တဲ့ ပုတီးစိပ်ခြင်း ၊ တရား ရှုမှတ်ခြင်း ၊ တရား ရွတ်ဖတ် ပူဇော်ခြင်း - စသည်တွေကို မိမိရဲ့ နောက် ဆုံးအချိန်မှာ အဆင်သင့် အသုံးချနိုင်အောင် ကြိုတင် အားထုတ်ထားသင့်ပါကြောင်း ---

HaeTu Pissaya in PaHturn



ပ ဋ္ဌာန်း အ ကြောင်း အ ကျဉ်း
ပဋ္ဌာန်းအကြောင်း အကျဉ်းအားဖြင့် ပြောချင်ပါတယ် ။ သိချင်တဲ့ သူတွေ အတွက်တော့ အဆင်ပြေ
မလား မသိဘူး ။ ( မေးထားတဲ့ တပည့်လဲ တခါတည်း ဖြေပြီးသား ဖြစ်သွားတာပေါ့ ) ။
ပဋ္ဌာန်း ၂၄ ပစ္စည်းရှိတာ ကတော့ လူတိုင်းလောက်သိပြီးသားပါ ။ အဓိပ္ပါယ် သိဖို့  (  အနက် မြန်မာပြန်
မဟုတ်ဘူး ) ကတော့ တော်တော်ခက်ပါတယ် ။ ဘာသာပြန်ထားတာလဲ မတွေ့ဖူးဘူး ။
အဲဒီထဲက ( ဟေတု ) ဆိုတာကို စရှင်းကြည့်ရအောင် ။ ။ ဟေတု = ဆိုတာ အကြောင်း ပဲ ။
ဘာနဲ့ တူသလဲဆိုရင် သစ်ပင်ရဲ့ ရေသောက်မြစ် - တဲ့ ။ ။ ပြောချင်တာက ဆက်စပ်နေတဲ့ အားရှိတဲ့
အကြောင်းပေါ့ ။
ဟေတု  ကိုေ - ကို - လုပ်ပြီး တ -ဝမ်းပူ သတ် ကါ ( ဟိတ် ) လို့  ခေါ်ထားတာ ။။ ဟိတ် - ၆ ပါး
( ၆ ခု ) ရှိတယ်ပေါ့ ။ ။  ၁/ လောဘ ၂/ ဒေါသ ၃/ မောဟ ( ဒါတွေက အကုသိုလ်ဆိုင်ရာတွေပေါ့ )
၎/ အလောဘ  ၅/ အဒေါသ  ၆/ အမောဟ ( ဒါတွေ က ကုသိုလ် နှင့် အဗျာကတ ဆိုင်ရာတွေပေါ့ ) ။
လောဘ- ဆိုတာက လိုချင်တာ + တပ်မက်တာ ( ကုသိုလ်ဆိုင်ရာ မှာ လိုချင်တာတော့ မပါဘူး ) ။
ဒေါသ  - ဆိုတာက ဖျက်ဆီးတတ်တာ + ပြစ်မှားတတ်တာ( ဆိုးသွမ်းတတ်တာပေါ့ ) ။  { ကရုဏာ
ဒေါသ ဆိုတာလဲ ရှိသေးတယ် - ကရုဏာ-က သနားတတ်တာ ။ သနားလွန်းလို့  ဒုက္ခရောက်နေတဲ့
သတ္တဝါအပေါ်က ဒုက္ခကို ဖယ်ရှားပေးချင်တာ ။ မတတ်နိုင်တော့ ဒေါသ( အသေးရော အကြီးရော)
ဖြစ်လာတာကို ခေါ်တာပေါ့ ။ သနားခြင်းကြောင့် ဖြစ်လာတဲ့ ( သနားခြင်းအကြောင်းရှိတဲ့ ) ဒေါသပေါ့
ကရုဏာ နှင့် ဆက်စပ်သော်လဲ ဒေါသပါပဲ ။ဒါ့ကြောင့် မကေါင်းပါဘူး ။ }
မောဟ - ဆိုတာက တွေဝေတာ + မသိတာ ( မိုက်မှားတာ လို့ လဲ ပြောကြပါတယ် ။)
သူတို့ က စေတသိက်( စေတသိက ) တွေပေါ့ ။ စိတ်နှင့်ယှဉ်ပြီး စိတ်ကို ချယ်လှယ်တတ်တဲ့သဘော
ရှိပါတယ် ။ ။ စိတ်ဆိုတာက - အာရုံကိုသိ တတ်တဲ့ သဘောသက်သက် - ပဲ ။ ( အဖြူထည်
သက်သက် ဆိုပါတော့) ။။[[  ဒါ့ကြောင့် အရောင်အဆင်းမရှိတဲ့ ရေထဲမှာ အရောင်ရှိတဲ့ တစုံတခု ထဲ့
လိုက်ရင် ရေက အရောင်ရှိသွားပြီး ဘယ်အရောင်လို့   ခေါ်ဝေါ် သတ်မှတ်ကြရသလိုပါပဲ]] - အာရုံကို
သိတတ်ကါမျှ ဖြစ်တဲ့ စိတ်ကိုလဲ [ ဒေါသ နှင့် ယှဉ်တော့ = ဒေါသစိတ် ; လောဘ နှင့် ယှဉ်တော့ =
လောဘစိတ် ; မောဟနှင့်ယှဉ်တော့ မောဟစိတ် ] လို့  ခေါ်ရပါတယ် ။။ သူတို့ က အကုသိုလ် ဖြစ်စေ တတ်တဲ့ အကြောင်းတွေ ဖြစ်လို့  ( အကုသိုလ် ဟိတ်များ ) လို့  ခေါ်ပါတယ် ။
ဒီနေရာမှာ ကြားဖြတ်ပြီး ကုသိုလ် အဗျာကတ ဟိတ်တွေအကြောင်း မပြောမီ ကုသိုလ်+ အကုသိုလ်+
အဗျာကတ - ဆိုတဲ့ အမည်တွေကို အရင်သိထားသင့်ပါသေးတယ် ။။
       ကုသိုလ် - ဆိုတာက အပြစ်မရှိ ကေါင်းကျိုးကို ပေးတတ်တဲ့ သဘောတရား ။။ ။။ အကုသိုလ် -  ဆို တာက အပြစ်နဲ့တကွ ( အပြစ်ရှိပြီး ) မကေါင်းကျိုးကို ပေးတတ်တဲ့ သဘောတရား ။။ ။။
သူတို့ ကတော့ ရှင်းပါတယ် ။။ ။။ အဗျာကတ - ဆိုတာကြတော့ နဲနဲ သဘော  ထားပေးရမယ် ။
အဗျာကတ = မဟောကြားအပ် - လို့  ဆိုလိုတယ် ။ ဘာကိုမဟောကြားသလဲဆိုရင် ဘုရားက
သူတို့ ကို ( ဒီတရားသဘောတွေကို )    ကုသိုလ်+ အကုသိုလ် - လို့  အမည်တပ်ပြီး မဟောကြားခဲ့ဘူး ။
            သဘောကတော့ ကုသိုလ် ( ကေါင်းကျိုးပေးတတ်တဲ့ တရား ) အကုသိုလ် ( မကေါင်းကျိုး   ပေးတတ် တဲ့ တရား ) လို့  မဟောခဲ့ဘူး ။။ ။ ။တခြား ဝိပါက= ဝိပါက် + ကြိယာ ( =ကိရိယာ  ) အနေနဲ့သာ ဟောထားခဲ့တယ်ပေါ့ ။။
အဲဒီမှ     ဝိပါက = ဝိပါက်  ဆိုတာက အကျိုး - လို့ ခေါ်တယ် ။ ကေါင်းကျိုး + မကေါင်းကျိုး - ပေါ့ ။။
ကိ ရိယာ=ကြိယာ  - ဆိုတာက ပြုခြင်း - ပြုကာမျှ  - ပြုကာမတ္တ -- လို့  ခေါ်တာပေါ့ ။။( အကြောင်း လဲ မဟုတ်+ အကျိုးလဲ မဟုတ် ဘူး ။။ ။။ သေချာသဘောပေါက်ခဲ့မှ နောက်နောက် သဘောတွေ ကို
သဘောပေါက်နိုင်မှာမို့  သေသေချာချာ လေ့လာထားလိုက်ပါနော် 
             ဒီ ဝိပါက် + ကြိယာ တို့ ကို အဗျာကတ  --- လို့ ခေါ်တာပါပဲ ။။
စာသင်သားတွေအတွက် ပဋ္ဌာန်းသင်ပေးရာမှာတော့ --  ကုသိုလ်ကို = ကု ။ အကုသိုလ်ကို =
အကု ။ ဝိပါက - ကို = ဗျာ + ကြိယာကို - ဗျာ --  လို့  အတိုကေါက် ခေါ်ပြီး သုံးတာပေါ့ ။။
၎/ အလောဘ  ၅/ အဒေါသ ၆/ အမောဟ -  ဆိုပြီး ကုသိုလ် + အဗျာကတ ဟိတ် - ၃ပါး လဲ
ရှိသေးတယ် ။ သူတို့  ကတော့ ကုသိုလ်နှင့် အဗျာကတ စိတ်တွေမှာသာ ယှဉ်တယ် =ဖြစ်တယ်ပေါ့ ။
အလောဘ - ဆိုတာက လောဘရဲ့ ဆန့်  ကျင်ဘက် ၊ အဒေါသ - က ဒေါသရဲ့ ဆန့်  ကျင်ဘက် ၊
အမောဟ - ကတော့ မောဟရဲ့ ဆန့်  ကျင်ဘက်ပေါ့ ။ ။ လောဘက လိုချင်တပ်မက်တယ် <>
အလောဘ - က မလိုချင် မတပ်မက်ဘူး ။။ အဒေါသ - က မဖျက်ဆီးတတ် - မပြစ်မှားတတ်ဘူး ။။
အမောဟ - က မတွေဝေ မမိုက်မှား သိမြင်တတ်တယ်ပေါ့ ။။
အလောဘက ပေးကမ်း စွန့်  လွှတ် ကေါင်းမှု ပြုလုပ်ရာမှာ ဖြစ်တတ်တယ် ။ ။ အဒေါသ - ကတော့  
ဒေါသကင်းစင်တဲ့ အခါ မေတ္တာစိတ် ဖြစ်နေတဲ့အခါ တွေမှာ ဖြစ်တတ်တယ် ။။ အမောဟ - ကတော့
မောဟရဲ့ ဆန့်  ကျင်ဘက် ပညာ ဖြစ်တဲ့ အခါမှာဖြစ်လေ့ရှိတယ် ။။ 
ဒီလောက် တိုတိုကျဉ်းကျဉ်းလောက် ဆိုရင် ရှေ့ ဆက်သွားလို့   ရလောက်ပြီထင်ပါတယ် ။။
ပဋ္ဌာန်းကလဲ ကျယ်ကျယ် + အဘိဓမ္မာကလဲ   ခပ်ခက်ခက်   ဆိုတော့  သိပ်ကျယ်သွားရင် လည်ထွက်  သွားလိမ္မယ်  
{ အဒေါသ - ဆိုတာ မေတ္တာ ခေါ်တဲ့ အဒေါသ နှင့် မေတ္တာ မဟုတ်တဲ့ အဒေါသ ဆိုပြီး နှစ်မျိုး
ရှိတယ်လို့  တော့ သတိပြုပေးခဲ့ပါနော်  }
ဟေတုပစ္စယော = ဟေတု + ပစ္စယ - ပေါ့ ။ ဟေတုက အကြောင်း ၊ ပစ္စယ - က ကျေးဇူးပြုတာ =
ထောက်ပံ့တာ ။ ။ ပေါင်းလိုက်တော့    အကြောင်းအားဖြင့် ကျေးဇူးပြုတယ် ထောက်ပံ့တယ်ပေါ့   ။။
ဘယ်လိုကျေးဇူးပြုသလဲလို့  ဆိုတော့ --  သာမန် အဖြူထည်ဖြစ်တဲ့ ,  အာရုံကို သိကါမျှသာဖြစ်တဲ့ , စိတ်ကို အကုသိုလ်တရားတွေကို အာရုံပြုအောင် ထောက်ပံ့တယ်ပေါ့ ။ သူတို့  နှင့် ယှဉ်မိ ပေါင်းမိတဲ့စိတ်က အကုသိုလ်အာရုံကို အာရုံပြုပြီး အကုသိုလ်စိတ်  ဖြစ်သွားတယ်။။
ယှဉ်ပုံကတော့  --  လောဘ - သည် လောဘစိတ်တွေ ( လိုချင်တပ်မက်တဲ့စိတ်တွေ ) မှာသာ
ယှဉ်တယ် ။ ဒေါသ - သည်   ဒေါသ စိတ်တွေ ( ဖျက်ဆီး ပြစ်မှားတတ်တဲ့ စိတ်တွေ ) မှာသာ ယှဉ်
ပါတယ် ။ မောဟ - ကတော့ လောဘ ရော ဒေါသ နှင့်ပါ ယှဉ်တယ် ။ လောဘ ဒေါသ မပါပဲ သူ့ 
သက်သက်လဲ စိတ်နှင့် ယှဉ်တယ် ။။ သူတို့   ( လောဘ + ဒေါသ + မောဟ ) သည် အကုသိုလ် စိတ်
တွေမှာသာ ယှဉ်တယ်။ ။ ဒီတော့ လွယ်လွယ် ပြောရရင် လောဘ ဒေါသ မောဟ - ဖြစ်နေရင်
အကုသိုလ်တွေ ဖြစ်နေတယ်လို့   သိပေါ့ ။။
အကုသိုလ်စိတ် ဖြစ်နေတာ တွေ့ရရင် ဒီ အကုသိုလ် ဟိတ် ၃ပါးက အကုသိုလ်စိတ် တွေကို ဟေတု =
အကြောင်းအားဖြင့် ကျေးဇူးပြုနေတယ် ထောက်ပံ့နေတယ်လို့   သိပေါ့ ။ လောဘ စိတ်ဖြစ်နေရင် =
လောဘ နှင့် မောဟ ။။ ဒေါသစိတ်ဖြစ်နေရင် = ဒေါသ နှင့် မောဟ ။။ မောဟ စိတ် ဖြစ်နေရင် =   မောဟ ။။ ဒီဟိတ်တရားတွေက ဟေတုပစ္စယ နှင့် ကျေးဇူးပြုနေကြတယ်ပေါ့ ။                            (( ကျေးဇူးပြုတယ်ဆိုသော်လဲ ထောက်ပံ့ပေးတာကိုသာပြောချင် တာ ။ ကေါင်းကျိုးပေးတာ ကို ပြောလိုတာ မဟုတ်ဘူး ))
ထို့  အတူပါပဲ မလိုချင်ခြင်း = အလောဘ ၊ မပြစ်မှား မဖျက်ဆီးလိုခြင်း = အဒေါသ ၊ မတွေ ဝေ မမှား
ယွင်းပဲ အမှန်သဘောအတိုင်း သိနေရင် = အမောဟ  -- တို့  ဖြစ်နေတယ် ။ ဒါဆိုရင် ကုသိုလ်စိတ်
တွေ (( အဗျာကတဖြစ်တဲ့ ဝိပါက် ကြိယာ စိ တ်တွေက ဖြစ်မှန်းသိဖို့   ခက်ခဲလို့ ပါ ။ )) ဖြစ်နေတယ် လို့  သိလိုက်ပေါ့နော် ။
ဥပုသ် သီလ ဆောက်တည်နေတယ် ။ ဘုရား တရားအာရုံပြုနေတယ် ။ ကေါင်းတဲ့ အလုပ်တွေ ( လူမှု
ရေးလဲပါတယ်။ ) လုပ်နေတယ်ဆိုရင် အလောဘ + အဒေါသ ဟိတ်တွေက ကုသိုလ်စိတ်တွေကို
ကျေးဇူးပြုနေတယ်ပေါ့ ။ အဒေါသမှာလဲ သတ္တဝါတွေ ကို အာရုံပြုပြီး ကျန်းမာ ချမ်းသာကြပါစေ -စသည်ဖြင့် (( သတ္တဝါတွေရဲ့ အကျိုးစီးပွါးကို လိုလားပြီး )) ဖြစ်တဲ့ စိတ်ကိုတော့ မေတ္တာစိတ်
လို့  ခေါ်တယ် ။။ ကျန်တဲ့ အချိန်မှာတော့ အဒေါသ ဟာ မေတ္တာ မဟုတ်ဘူး ။။
ဒီလိုပါပဲ အမောဟ - ကလဲ အမှန်သဘောကို သိနေစဉ်မှာ ဖြစ်တယ် ။ ပညာ - ဥာဏ် လို့  ခေါ်တယ် ။
အနု အရင့် တော့ ကွာသပေါ့ ။ သိနိုင်တဲ့ အစွ မ်း ကွာခြားတာကို ပြောပါတယ် ။။ ဝိပါက် နှင့် ကြိယာ
က တော့ ဘု ရားမို့ သာ ပညာတော် ကြီးရင့်လို့   သိတော်မူနိုင်ခဲ့တာ ။ သူလို ကိုယ်လို အတွက် က
ပြောဖို့ တောင် မရှိပါဘူး ။ ဘုရားတရားကို သင်ယူ နားလည်ပြီး မှန်းဆသိ သိနိုင်ရုံမျှ သာ ပါပဲ ။။
ဟိတ် ၆ - ပါး တရားတွေဟာ သူတို့  နှင့် ယှဉ်ဖက် စိတ်တွေနှင့် တကွ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တရားကို
ပါ  ဟေတုပစ္စယ သတ္တိ နှင့် ကျေးဇူးပြုပါတယ်။ ( မြင်သာအောင် ပြောပြရရင် ဒေါသဖြစ်နေစဉ်မှာ
မျက်နှာတွေ နီရဲ နေတာ အသံတွေဖေါက်ပြန်နေတာ ခန္ဓာကိုယ်တုန်လှုပ်နေတာ -တွေဟာ ဒေါသ -စိတ်ကြောင့် ဖြစ်တဲ့ ရုပ်ရဲ့ အမူအယာတွေပါပဲ ။။ ကျန်တဲ့ လောဘ စိတ်စသည် ဖြစ်နေစဉ်မှာလဲ
တွေးသာ ကြည့် လိုက်ပါတော့နော် - သိလောက်ပါပြီ ။ )
          {{  ဟိတ် တမျိုးမျိုး ( ကု / အကု / ဗျာ - တို့ထဲက တမျိုးမျိုး ) ထဲက  ဟိတ် ၁ ခု နှင့် ယှဉ်ရင်  ဧကဟိတ် စိတ် ။  ဟိတ် ၂ ခု နှင့်ယှဉ်ရင် ဒွိဟိတ်စိတ်    ဟိတ် ၃ ခု နှင့် ယှဉ်ရင် တိဟိတ်စိတ် -- လို့ ဟိတ်နှင့် သတ်မှတ်ပြီး ခေါ်တာ လဲ ရှိပါသေးတယ် ။။  }}
ဒီလောက်ဆိုရင် ဟေတုပစ္စယော အရ ဟေတု သတ္တိ နှင့် ကျေးဇူးပြုတတ်ပုံ အကျဉ်းအားဖြင့်
သိလောက် ပါပြီ လို့   ယူဆပါတယ် ။။